-->

Thursday, May 10, 2018

Task Manager

Title : Task Manager

Level : Basic

Importance : Must Know


Task Manager ကတော့ Computer User တိုင်းသိထားသင့်တဲ့အရာတစ်ခုပါ။ ဘာလိုလဲဆိုတော့ Computer မှာပြဿနာတစ်ခုခုဖြစ်ရင် Task Manager က အများကြီးအကူအညီပေးနိုင်လို့ပါ။ အထူးသဖြင့် စက် Hang တဲ့အခါ၊ Explorer မှာ Error တက်တဲ့အခါ တို့မှာအထူးအသုံးဝင်ပါတယ်။ ဒါကြောင့် Task Manager နဲ့ပါတ်သတ်တဲ့အခြေခံအချက်တွေကိုလေ့လာနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။ (ယခု Post မှာ Window 7 ရဲ့ Task Manager ပုံဖြစ်ပါတယ်။ Window 10 မှာပါတဲ့ Task Manager ကအနဲငယ်ကွာခြားပေမယ့် အခြေခံသဘောတရားကတော့အတူတူပဲဖြစ်ပါတယ်။)

 Task Manager ကိုဘယ်လိုဖွင့်မလဲ။

  1.   Taskbar ပေါ်လွတ်တဲ့နေရာကို Right Click နှိပ်ပါ၊ ပေါ်လာတဲ့ Context Menu မှ Task Manager ကိုရွေးပေးပါ။
  2. Ctrl+Shift+Esc တွဲနှိပ်ပါ။ စက် Hang နေတဲ့အခါမျိုးမှာအရမ်းအသုံးဝင်တဲ့ Shortcut ပါ။ (Windows XP ဆိုရင်တော့ Ctrl+Alt+Del တွဲနှိပ်ရတယ်လို့လူသိများပါတယ်။)

Task Manager ကဘာအလုပ်လုပ်တာလဲ။

Task Manager တစ်ခုထဲမှာ လုပ်ဆောင်ချက်တွေတော်တော်များများပါပါတယ်။
  1.   ပထမဆုံး Tab ကတော့ Application/Task တွေလက်ရှိဖွင့်ထားတာတွေ Run နေတာတွေကိုပြပေးပါတယ်။ (Background App/System Tray က Program တွေတော့မပါဝင်ပါဘူး) တကယ်လို့  Hang နေတဲ့ Program Non-Responsive ဖြစ်နေတဲ့ Program တွေရှိရင်ဒီကနေ End Task ကိုရေးပြီးပိတ်လို့ရပါတယ်။ အခြားလုပ်ဆောင်ချက်တွေကတော့ Task တစ်ခုချင်းကို Right click နှိပ် go to process ကိုရွေးပြီးရဲ့ အဓိက Process ကို သွားစစ်လို့ရပါတယ်။
  2.   ဒုတိယ Process Task ကတော့ပိုပြီးအသေးစိတ်ကျပါတယ်။ လက်ရှိဖွင့်ထားတဲ့ Program တွေကော၊ Background/System tray က App တွေကော၊ System Software တွေကော၊ Service တွေနဲ့ပါတ်သတ်တဲ့ process တွေအကုန်ပြပေးနိုင်ပါတယ်။ System Process တွေကတော့စစခြင်းမပြပါဘူး။ Show Process for All User ဆိုတာကိုနှိပ်ပြီးခေါ်မှပြပေးမှာပါ။ အဲလိုခေါ်ဖို့အတွက် Admin Privileged လိုပါတယ်။
      ဒီ Tab မှာတော့ Process အားလုံးရဲ့ နံမည်၊ သူ့ရဲ့  Property, CPU ဘယ်လောက်၊ RAM ဘယ်သုံးတယ်ဆိုတာတွေကြည့်နိုင်ပြီး Process တွေကို ပိတ်ခြင်း၊ Priority ပြောင်းလဲခြင်း၊ ဆက်ဆပ်နေတဲ့ Service တွေကိုကြည့်ခြင်းများလုပ်နိုင်ပါတယ်။ Process တော်တော်များများကို ပိတ်နိုင်တယ်ဆိုပေမယ့် အရေးကြီး Window Process တွေကိုတော့ပိတ်လို့မရပါဘူး။ GUI လို့ခေါ်တဲ့ Windows မပါတဲ့ Program တွေ (တချို့ malware တွေ virus တွေကိုဒီမှာတွေရတတ်ပါတယ်။)
  3.   တတိယ TAB ကတော့ Service ပါ။ Service tab မှာ Windows မှာလက်ရှိရှိနေတဲ့service  အာယလုံးကိုကြည့်နိုင်ပါတယ်။ Service တွေအပိတ်အဖွင့်လုပ်ချင်ရင်တော့ Admin Privileged လိုပါမယ်။ (Service တစ်ခုကိုပိတ်တဲ့အခါ သူ့ကိုမှီခိုနေတဲ့ dependence service မရှိမှသာပိတ်လို့ရပါတယ်။)
  4. Performance Tab မှာတော့ စက်ရဲ့ CPU, RAM, Hard-disk စတဲ့ Major Hardware တွေရဲ့ အလုပ်လုပ်နေတဲ့အခြေအနေကို Graph နဲ့တစ်ကွပြပေးပါတယ်။ အဲဒီမှာ RAM အခြေအနေ၊ Page File အနေအထား စတာတွေပါလေ့လာနိုင်ပါတယ်။ CPU, RAM အသုံးပြုမှုရာခိုင်နှုန်း အရမ်းများနေရင် စက်လေးလာမှာဖြစ်ပါတယ်၊ တကယ်လို့ တစ်ခုခုက 100% နားကပ်နေရင် စက် Hang တဲ့အထိဖြစ်နိုင်ပါတယ်။
  5. Networking Tab မှာတော့လက်ရှိချိတ်စက်ထားတဲ့ Network ကော မချိတ်စက်ထားတဲ့ Network တွေကောပြမှာဖြစ်ပြီး လက်ရှိအသုံးပြုနေတဲ့ Bandwidth ပမာဏကိုပါ Graphic နဲ့ Monitor လုပ်နိုင်ပါတယ်။
  6. နောက်ဆုံး User Tab မှာတော့ Computer ကို Login ဝင်ထားသမျှ user တွေကိုကြည့်နိုင်ပြီး disconnect လုပ်ခြင်း user switch လုပ်ခြင်းများပြုလုပ်နိုင်ပါတယ်။
အဲဒါတွေအပြင် File Menu မှ New Task ကိုခေါ်ပြီး Program တွေကိုဖွင့်နိုင်ပါသေးတယ်။ အသုံးပြုပုံကတော့ Run box လိုပါပဲ။

အဲဒီတော့အားလုံပြန်ခြုံပြောရရင်
  • Program/Process/Service များကိုစစ်ဆေးနိုင်ခြင်း၊ ပိတ်နိုင်ခြင်း၊
  • Run-box ကဲ့သို့ New Task ခေါ်နိုင်ခြင်း၊
  • သံသယရှိသော malware, adware, virus အချို့ကိုရှာနိုင်ခြင်း ပိတ်နိုင်ခြင်း။
  • စက်ရဲ့ CPU, RAM, Hard disk, Network အသုံးပြုနေမှုအနေအထား မည်သည့် Program ကမည်မျှသုံးနေသည်ကိုစစ်ဆေးနိုင်ခြင်း။ စက်လေးခြင်း စက် Hang ခြင်းများအတွက် အကြောင်းရင်သိရှိနိုင်ခြင်း။ စသည်တို့ကိုပြုလုပ်နိုင်ပါတယ်။

အခြားအချက်အလက်များ။

  • Window 10 တွင် Task Manager ရဲ့လုပ်ဆောင်ချက်များသိသိသာသာပိုကောင်းလာပါတယ်။
    Desktop/Explorer error တက်ပြီးပိတ်သွားရင် New Task မှ Explorer လို့ရိုက်ပြီးပြန် run ပေးနိုင်ပါတယ်။
  • အချို့သော virus များက သူ့တို့ကိုလွယ်လွယ်သတိမမူမိစေရန် Task Manager ကို Disable လုပ်တတ်ကြပါသည်။ (Task Manager ကရုပ်တစ်ရက် ခေါ်မရဘဲ Disable ပြနေရင် virus ဝင်တာဖြစ်နိုင်တယ်လို့သံသယရှိရပါမယ်။)
  • Task Manager Window ဘောင်ကို Double Click နှိပ်ပြီး Menu ဖျောက်ခြင်းဖော်ခြင်း ပြုလုပ်နိုင်ပါတယ်။ (Monitor လုပ်ချင်တဲ့အခါအသုံးဝင်ပါတယ်)
  • Task Manager ဖွင့်ထားရင် System Tray မှာ CPU usage ကို graph နဲ့ပြပါတယ်။
  • Monitor လုပ်လိုပါက Task Manager ကို Always on Top လုပ်ထားခြင်းဖြင့် အခြားအလုပ်များလုပ်နေစဉ် Task Manager ကိုအမြဲစောင့်ကြည့်နိုင်ပါတယ်။ (mini view mode နဲ့တွဲသုံးရင်ပိုကောင်းပါတယ်။)

ကွန်ပြူတာလေးခြင်း

  ကွန်ပြူတာတစ်လုံးက ပုံမှန်သုံးနေတာထက် သိသိသာသာပိုလေးလာပြီဆိုရင်တော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုလေ့လာဖို့လိုလာပါပြီ။  စက်တစ်လုံးလေးရတဲ့အကြောင်းအရင်းတွေထဲမှာ Hardware ပိုင်းဆိုင်ရာပြဿနာနဲ့ Software ပိုင်းဆိုင်ရာပြဿနာ အမျိုးမျိုးရှိတတ်ပါတယ်။

ပထမဆုံးမိမိစက်အချက်အလက်တွေကို စစ်ဆေးပါ။

  စက်လေးလာပြီဆို ပထမဆုံးစစ်ဆေးရမှာက CPU, RAM နဲ့ Hard-disk Usage ပါ။ အဲဒါတွေစစ်ဆေးဖို့ပထမဆုံး လက်ရှိသုံးနေတဲ့ Program တွေအားလုံးကိုပိတ်ထားသင့်ပါတယ်။ (ဖြစ်နိုင်ရင် Restart ချပြီး မှစစ်ဆေးတာပိုကောင်းပါတယ်။) အလွယ်ဆုံးနည်းကတော့ Task Manager ကနေကြည့်တာပါ။ ပိုမိုအသေးစိတ်သိရှိလိုရင်တော့ Resources Monitor ကနေကြည့်ရှုနိုင်ပါတယ်။

ဘာ Program မှမဖွင့်ထားတဲ့အချိန်မှာ CPU နဲ့ HDD Usage က 0 နားကပ်နေသင့်တာဖြစ်ပြီး၊ RAM ကတော့ 1GB ဝန်းကျင် used ဖြစ်နေနိုင်ပါတယ်။ (Window, 32bit/64bit, Onboard/Dedicated Graphic, Startup Program and Service စတာတွေပေါ်မူတည်ပြီး 500MB မှ 1.5GB ဝန်းကျင်အထိဖြစ်နိုင်ပါတယ်။) အဲဒီပမာဏထက်သိသိသာသာများနေရင်တော့ ဘယ် Process က အသုံးပြုနေတာလဲဆိုတာကို စစ်ဆေးရပါမယ်။ အဲလိုစစ်ဆေးဖို့လဲ Task Manager က Process Tab နဲ့ Service Tab ကအသုံးဝင်ပါတယ်။


Task Manager အသုံးပြုပုံကိုလေ့လာရန်ဒီ Post ကိုဖတ်ပါ။

ဘာတွေလုပ်ကြည့်သင့်သလဲ။

အထက်က စစ်ဆေးတဲ့ထဲမှာ ပြသနာဖြစ်စေတဲ့ Process/ Software တွေတွေ့တယ်ဆို သပ်ဆိုင်ရာ Software/ Service တွေကို Uninstall လုပ်ပြစ်တာကသာအကောင်းဆုံးဖြစ်နိုင်ပါတယ်။ တကယ်လို့ ရှာမတွေ့ဘူး သို့ အဲလောက်နဲ့မပြေလည်ဘူးဆိုရင်အောက်ပါ လုပ်ငန်းစဥ်တွေကို ဆောင်ရွက်ကြည့်နိုင်ပါတယ်။

Software ပိုင်းဆိုင်ရာပြသနာများရှင်းခြင်း (အခြေခံအဆင့်)

Uninstall Unnecessary Programs

Control Panel ထဲက Add or Remove Programs ကိုအသုံးပြုပြီး အသုံးမလိုတော့တဲ့ Software တွေကို uninstall ပြုလုပ်သင့်ပါတယ်။

Remove unnecessary startup programs

Startup Program တွေဟာစက်လေးစေတဲ့အဓိကအကြောင်းတစ်ခုဖြစ်လို့ မလိုတာမှန်သမျှဖြုတ်ထားဖို့လိုပါတယ်။ အဲဒီအတွက်တော့ System Tray ထဲမှာရှိတဲ့ Program တစ်ခုချင်းစီအလိုက်လိုက်ပြီး Auto Startup ပိတ်လို့ရသလို၊ MSCONFIG (Run box မှာ MSCONFIG လို့ရိုက်ပြီး Enter ခေါက်ပါ) မှလဲ Startup တွေကိုစစ်ဆေးပိတ်နိုင်ပါတယ်။

Update Window and Programs

Windows နဲ့ Program တွေအများစုက မကြာခဏဆိုသလို Update တွေပေးလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ Software တွေအားလုံးဟာ perfect မဟုတ်ဘဲ Bug လို့ခေါ်တဲ့ ပြဿနာလေးတွေ လုံချုံရေးဆိုင်ရာအားနဲချက်တွေရှိနေပြီး အသစ်အသစ်တွေရတဲ့အားနဲချက် ပြဿနာလေးတွေကို ဖြေရှင်းပေးဖို့ Update ထုတ်ပေးရတာပါ။ ဒါကြောင့် တစ်ချို့ Program တွေဟာ update လုပ်ပြီးမှ Performance ပိုကောင်းလာတတ်ပါတယ်။ တစ်ချို့ Outdated Software တွေကလဲ မလိုအပ်ဘဲ စက်ကိုပိုလေးစေလို့ Update ပြုလုပ်ပေးသင့်ပါတယ်။

Check for Virus

  Virus နဲ့ အခြား Malicious Software တွေက အသုံးပြုနေသူတွေသတိမထားမိဘဲ နောက်ကွယ်မှာပြသနာတွေပေးနေတတ်တာမို့ Antivirus ကောင်းကောင်းတစ်ခုရှိဖို့နဲ့ ၄င်းရဲ့ Virus Definition ကိုအမြဲ update ဖြစ်နေအောင်လုပ်ဖို့ကလဲအရမ်းအရေးကြီးပါတယ်။ အားတဲ့အချိန်တွေမှာလဲ Full Scan ပြုလုပ်ပေးခြင်းဖြင့် လုံခြုံရေးပိုကောင်းလာနိုင်ပါတယ်။

Software ပိုင်းဆိုင်ရာပြသနာများရှင်းခြင်း (အဆင်မြင့်)


Page File ကိုစစ်ဆေးခြင်း

  Page File က Physical Memory မလောက်တဲ့အခါမှာအသုံးပြုရတဲ့ Virtual Memory ဖြစ်တဲ့အတွက် Page File Setting မမှန်ကန်ရင်လဲစက်လေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ System Managed အနေနဲ့ထားတာဖြစ်ပြီတော့၊ Page File ကို အမြန်ဆုံး Partition/HDD ပေါ်မှာထားသင့်ပါတယ်။ တခါတစ်ရန် Page File က Fragment ဖြစ်နေရင်၊ Page File ကို Defragment လုပ်ပေးနိုင်တဲ့ Tool ကိုသုံးသင့်ပါတယ်။

HDD ကိုစစ်ဆေးခြင်း

  HDD နဲ့ပါတ်သတ်လို့ကတော HDD ရဲ့ Temperature, Free Space, Fragmentation စတာတွေထည့်စဉ်းစားရပါမယ်။ HDD Error ရှိမရှိကိုလဲ Disk Check (Scan for bad sector) လုပ်ပေးသင့်ပါတယ်။ ပြီးရင် HDD ရဲ့ Health ကိုစစ်ဆေးနိုင်ဖို့လဲ 3rd Party Software တွေ (E.g. CrystalDiskMark) သုံးပြီးလုပ်ဆောင်နိုင်ပါတယ်။ Free Space နဲနေရင် Disk Clean Up လုပ်တာ၊ Media File တွေကို အခြား Drive ကိုရွေ့တာ၊ မလိုတဲ့ Program တွေ၊ Feature တွေ၊  (E.g. Page-file, Hibernation File, etc..) ဖြုတ်တာစတဲ့ Manual Clean Up လုပ်တာတွေလုပ်သင့်ပါတယ်။ De-fragmentation ကိုလို Schedule လုပ်ပြီး ပုံမှန်ဆောင်ရွက်သင့်ပါတယ်။

Registry ကိုရှင်းခြင်း

  Registry ကိုရှင်းဖို့ကတော့ 3rd Party Software တစ်ခုခုသုံးရပါမယ် (E.g CCleaner)

Window File System Check

  System File Checker ကိုသုံးပြီး Window File တွေရဲ့ integrity ကိုစစ်ဆေးနိုင်ပါတယ်။ ပြုလုပ်ဖို့အတွက်ကတော့ Command Line ကနေ sfc /scannow လို့ နှိပ်ပေးရမှာဖြစ်ပါတယ်။

 Disable Unnecessary Services

ဒီအဆင့်ကပိုပြီးအန္တရာယ်များပါတယ်၊ Service တစ်ခုချင်းဆီရဲ့လုပ်ဆောင်ချက်တွေကိုနားလည်ထားမှသာလုပ်သင့်ပါတယ်။

Hardware ပိုင်းဆိုင်ရာပြဿနာများရှင်းခြင်း

Hardware ပိုင်းကတော့ ပြဿနာတပ်လာရင် ပြင်ရအသစ်လဲရတာများပါတယ်။ ဒါပေမဲ့ မကြာခဏ ဖုန်၊ အမှန်၊ အကောင် စတာတွေဝင်မဝင် သန့်ရှင်းရေးလုပ်ပေးတာ၊ CPU Temp ကို Monitor လုပ်ပြီး လိုအပ်ရင် ပိတ်ပေးတာ၊ အနားပေးတာ၊ ဒါမှမဟုတ် Cooling ပိုကောင်းအောင်းပြုပြင်သင့်တာပြုပြင်ရပါမယ်။ HDD ကို SSD အမျိုးအစားမဟုတ်သေးရင် ပြောင်းတာ၊ သို့ ထပ်ထည့်တာကလဲ စက်ကိုသိသိသာသာမြန်စေမှာပါ။

RAM ထပ်တို့ဖို့လိုရင်တိုးတာက ဈေးအသက်သာဆုံးနဲ့ Upgrade လုပ်ရအလွယ်ဆုံးလဲဖြစ်နိုင်ပါတယ်။

Onboard Graphic သုံးနေရင်တော့ Dedicated Graphic Card ထပ်ပေါင်းပေးတာကလဲ CPU နဲ့ RAM ကို ပိုပြီး workload လျှော့ပေးရာရောက်ပါမယ်။

အခြားစဉ်းစားရန်

  •  System Restore လုပ်ခြင်း
System Restore လုပ်ခြင်း ကို လတ်တလော Software ပိုင်းဆိုင်ရာပြဿနာများရှိတယ်လို့ယူဆရင် ပြုလုပ်ရန်စဉ်းစားသင့်ပါတယ်။
  •  Window အသစ်တင်ခြင်း သို့ Reset ပြုလုပ်ခြင်း
 System Restore နဲ့အဆင်မပြေရင်ဒါမှမဟုတ် Error များလွန်းနေရင် Window အသစ်တင်မလားဆိုတာစဉ်းစားသင့်ပါတယ်။ (Window 8 နောက်ပိုင်းမှာတော့ Window အသစ်တင်မဲ့အစား System Reset လုပ်နိုင်ပါတယ်) လိုအပ်တဲ့ Software၊ Drivers, နဲ့ အခြား Data များကိုတော့ သေချာ Backup ပြုလုပ်သင့်ပါတယ်။

  ဒီလောက်ဆိုရင်တော့ အကြမ်းအားဖြင့် နားလည်မယ်လို့ယူဆပါတယ်။ တစ်ခုခြင်းဆီရဲ့လုပ်ဆောင်ချက်တွေကို အသေးစိတ်သိရှိလိုရင်တော့ နောက်ပိုင်း Post တွေထပ်တင်ပေးသွားပါမယ်။ အဆင်ပြေချောမွေ့ကြပါစေ။

Porpular Posts