Window 7 တွင် Myanmar Font မြင်ရအောင်ပြင်ဆင်ခြင်း
Window 7 မှာ File တွေ Folder တွေကိုမြန်မာလိုနံမည်ပေးလို့ရအောင်(မြင်ရအောင်) Advance color and Appearance လို့ခေါ်တဲ့နေရာမှာဝင်ပြင်ရပါတယ်။ အဲဒီလိုပြင်ဖို့အတွက် ပထမဆုံး မိမိအသုံးပြုလိုတဲ့ Font ကို Install လုပ်ပြီးဖြစ်ရပါမယ်။ Myanmar Font မရှိသေးဘူးဆိုရင်တော့ "Installing Myanmar Font in Window7" ကိုအရင်ဖတ်ပါ။Myanmar Font ရှိပြီးသားဆိုရင်တော့ ပထမဆုံး Desktop ပေါ်ရှိနေရာလွတ်တစ်နေရာတွင် Right Click နှိပ်ပြီး Personalize ကိုနှိပ်ပါ။ (သို့မဟုတ် Start Menu > Control Panel မှ Personalize ကိုဝင်ပါ။)အဲဒီအခါမှာ Window Color and Appearance ဆိုပြီး Window တစ်ခုပေါ်လာပါမယ်။ အဲဒီ Window ရဲ့အောက်ဆုံးနားက Advanced Appearance Setting ဆိုတာကို ထပ် Click ပေးရပါမယ်။
အဲဒီအခါမှာမှနောက်ထပ် Window Color and Appearance (Advance) Box ထပ်ကျလာပါမယ်။ အဲဒီမှာ Item ဆိုတဲ့ခေါင်းစဉ်အောက်က Drop Down Box ထဲမှာ Icon ဆိုတာကိုရှာပြီးရွေးပေးရပါမယ်။ Icon ကိုရွေးပြီးရင်တော့ အဲဒီအောက်က Font ဆိုတဲ့ Drop Down Box ထဲမှာကိုပြောင်းချင်တဲ့ Font ကိုရွေးပေးရပါမယ်။ (ဥပမာ Zawgyi1) (File Name တွေကို Zawgyi နဲ့ရေးထားရင် Font မှာလဲ Zawgyi ဖြစ်မှ အမှန်အတိုင်းဖြစ်မှာပါ။ File Name က Myanmar3 ဖြစ်ရင် Font ကိုလဲ Myanmar3 ရွေးပေးရမှာဖြစ်ပါတယ်။) (*တစ်ခုသတိထားစေချင်တာတော့ မိမိပြောင်းလိုက်တဲ့ Font က Unicode အမျိုးအစား Font ဖြစ်သင့်ပါတယ်။ Win Font လိုဖေါင့်မျိုးကိုပြောင်းမိရင် မြန်မာလိုပေါ်ပေမဲ့ English စာတွေအကုန်လွဲကုန်နိုင်ပါတယ်။) ပြီးရင်တော့ OK ကိုနှိပ်ပြီးပြန်ထွက်လိုက်တာနဲ့ File, Folder နံမည်တွေမှာမြန်မာလိုရေးထားတာတွေက အတုံးလေးတွေမဖြစ်တော့ဘဲ မြန်မာလိုမြင်ရမှာဖြစ်ပါတယ်။
Extra
အထက်ကပြောင်းလဲမှုက Desktop, Explorer စတဲ့နေရာတွေမှာပြောင်းပေးတာဖြစ်တဲ့အပြင် System Font အတိုင်းသုံးတဲ့ Program တွေအတွက်ပါအကြုံးဝင်ပါတယ်။ ဒါပေမယ့် အချို့ Program တွေက System Font အတိုင်းမဟုတ်ဘဲ ကိုယ်ပိုင် Font တွေသတ်မှတ်ထားတာရှိပါတယ်။ အဲလို Program တွေအတွက်တော့ တခါထဲပြောင်းပြီးသားဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲလို Program တွေအများစုမှာလဲ ၎င်းတို့ရဲ့ Setting/Option များအတွင်းမှာ Font ပြောင်းလို့ရအောင်း Setting ထည့်ပေးထားတတ်ပါတယ်။ အဲဒီမှာ ဝင်ပြောင်းပေးရမှာဖြစ်ပါတယ်။ ဥပမာအချို့ကိုပြောပြပါမယ်။Notepad
Notepad မှာ မြန်မာလိုရိုက်ဖို့အတွက်ဆိုရင် Notepad Program ရဲ့ Format Menu မှ Font ကိုရွေးပေးပါ။ အဲဒီမှာမှ Zawgyi-one သို့မဟုတ်မိမိသုံးချင်တဲ့ Font ကိုပြောင်းပေးနိုင်ပါတယ်။ တစ်ခုသိထားသင့်တာက Zawgyi-one နဲ့ရေးထားတဲ့ ဖိုင်တတွေကို Save လုပ်တဲ့အခါ Encoding စနစ်ကို UTF-8 နဲ့ Save လုပ်မှရပါတယ်။Firefox
Firefox မှာ မြန်မာလိုမြင်ရဖို့အတွက်ဆိုရင် Firefox ရဲ့ Setting မှ Option ကိုဝင်ပါ။ အဲဒီထဲကမှ Language and Appearance ခေါင်းစဉ်အောက်က Default Font မှာ ပြောင်းပေးနိုင်ပါတယ်။ဒီလောက်ဆိုရင်တော့ အခြား Program တွေမှာလဲမိမိတို့ဘာသာပြောင်းနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကံမကောင်းစွာနဲ့ပဲအချို့သော Program တွေက Unicode ကို Support မလုပ်ခြင်း User စိတ်ကြိုက် Font ပြောင်းဖို့ Option မပါခြင်းစသဖြင့်ကြုံရတတ်ပါတယ်။
No comments:
Post a Comment