ကွန်ပြူတာတစ်လုံးက ပုံမှန်သုံးနေတာထက် သိသိသာသာပိုလေးလာပြီဆိုရင်တော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုလေ့လာဖို့လိုလာပါပြီ။ စက်တစ်လုံးလေးရတဲ့အကြောင်းအရင်းတွေထဲမှာ Hardware ပိုင်းဆိုင်ရာပြဿနာနဲ့ Software ပိုင်းဆိုင်ရာပြဿနာ အမျိုးမျိုးရှိတတ်ပါတယ်။
ဘာ Program မှမဖွင့်ထားတဲ့အချိန်မှာ CPU နဲ့ HDD Usage က 0 နားကပ်နေသင့်တာဖြစ်ပြီး၊ RAM ကတော့ 1GB ဝန်းကျင် used ဖြစ်နေနိုင်ပါတယ်။ (Window, 32bit/64bit, Onboard/Dedicated Graphic, Startup Program and Service စတာတွေပေါ်မူတည်ပြီး 500MB မှ 1.5GB ဝန်းကျင်အထိဖြစ်နိုင်ပါတယ်။) အဲဒီပမာဏထက်သိသိသာသာများနေရင်တော့ ဘယ် Process က အသုံးပြုနေတာလဲဆိုတာကို စစ်ဆေးရပါမယ်။ အဲလိုစစ်ဆေးဖို့လဲ Task Manager က Process Tab နဲ့ Service Tab ကအသုံးဝင်ပါတယ်။
Task Manager အသုံးပြုပုံကိုလေ့လာရန်ဒီ Post ကိုဖတ်ပါ။
RAM ထပ်တို့ဖို့လိုရင်တိုးတာက ဈေးအသက်သာဆုံးနဲ့ Upgrade လုပ်ရအလွယ်ဆုံးလဲဖြစ်နိုင်ပါတယ်။
Onboard Graphic သုံးနေရင်တော့ Dedicated Graphic Card ထပ်ပေါင်းပေးတာကလဲ CPU နဲ့ RAM ကို ပိုပြီး workload လျှော့ပေးရာရောက်ပါမယ်။
ဒီလောက်ဆိုရင်တော့ အကြမ်းအားဖြင့် နားလည်မယ်လို့ယူဆပါတယ်။ တစ်ခုခြင်းဆီရဲ့လုပ်ဆောင်ချက်တွေကို အသေးစိတ်သိရှိလိုရင်တော့ နောက်ပိုင်း Post တွေထပ်တင်ပေးသွားပါမယ်။ အဆင်ပြေချောမွေ့ကြပါစေ။
ပထမဆုံးမိမိစက်အချက်အလက်တွေကို စစ်ဆေးပါ။
စက်လေးလာပြီဆို ပထမဆုံးစစ်ဆေးရမှာက CPU, RAM နဲ့ Hard-disk Usage ပါ။ အဲဒါတွေစစ်ဆေးဖို့ပထမဆုံး လက်ရှိသုံးနေတဲ့ Program တွေအားလုံးကိုပိတ်ထားသင့်ပါတယ်။ (ဖြစ်နိုင်ရင် Restart ချပြီး မှစစ်ဆေးတာပိုကောင်းပါတယ်။) အလွယ်ဆုံးနည်းကတော့ Task Manager ကနေကြည့်တာပါ။ ပိုမိုအသေးစိတ်သိရှိလိုရင်တော့ Resources Monitor ကနေကြည့်ရှုနိုင်ပါတယ်။ဘာ Program မှမဖွင့်ထားတဲ့အချိန်မှာ CPU နဲ့ HDD Usage က 0 နားကပ်နေသင့်တာဖြစ်ပြီး၊ RAM ကတော့ 1GB ဝန်းကျင် used ဖြစ်နေနိုင်ပါတယ်။ (Window, 32bit/64bit, Onboard/Dedicated Graphic, Startup Program and Service စတာတွေပေါ်မူတည်ပြီး 500MB မှ 1.5GB ဝန်းကျင်အထိဖြစ်နိုင်ပါတယ်။) အဲဒီပမာဏထက်သိသိသာသာများနေရင်တော့ ဘယ် Process က အသုံးပြုနေတာလဲဆိုတာကို စစ်ဆေးရပါမယ်။ အဲလိုစစ်ဆေးဖို့လဲ Task Manager က Process Tab နဲ့ Service Tab ကအသုံးဝင်ပါတယ်။
Task Manager အသုံးပြုပုံကိုလေ့လာရန်ဒီ Post ကိုဖတ်ပါ။
ဘာတွေလုပ်ကြည့်သင့်သလဲ။
အထက်က စစ်ဆေးတဲ့ထဲမှာ ပြသနာဖြစ်စေတဲ့ Process/ Software တွေတွေ့တယ်ဆို သပ်ဆိုင်ရာ Software/ Service တွေကို Uninstall လုပ်ပြစ်တာကသာအကောင်းဆုံးဖြစ်နိုင်ပါတယ်။ တကယ်လို့ ရှာမတွေ့ဘူး သို့ အဲလောက်နဲ့မပြေလည်ဘူးဆိုရင်အောက်ပါ လုပ်ငန်းစဥ်တွေကို ဆောင်ရွက်ကြည့်နိုင်ပါတယ်။Software ပိုင်းဆိုင်ရာပြသနာများရှင်းခြင်း (အခြေခံအဆင့်)
Uninstall Unnecessary Programs
Control Panel ထဲက Add or Remove Programs ကိုအသုံးပြုပြီး အသုံးမလိုတော့တဲ့ Software တွေကို uninstall ပြုလုပ်သင့်ပါတယ်။Remove unnecessary startup programs
Startup Program တွေဟာစက်လေးစေတဲ့အဓိကအကြောင်းတစ်ခုဖြစ်လို့ မလိုတာမှန်သမျှဖြုတ်ထားဖို့လိုပါတယ်။ အဲဒီအတွက်တော့ System Tray ထဲမှာရှိတဲ့ Program တစ်ခုချင်းစီအလိုက်လိုက်ပြီး Auto Startup ပိတ်လို့ရသလို၊ MSCONFIG (Run box မှာ MSCONFIG လို့ရိုက်ပြီး Enter ခေါက်ပါ) မှလဲ Startup တွေကိုစစ်ဆေးပိတ်နိုင်ပါတယ်။Update Window and Programs
Windows နဲ့ Program တွေအများစုက မကြာခဏဆိုသလို Update တွေပေးလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ Software တွေအားလုံးဟာ perfect မဟုတ်ဘဲ Bug လို့ခေါ်တဲ့ ပြဿနာလေးတွေ လုံချုံရေးဆိုင်ရာအားနဲချက်တွေရှိနေပြီး အသစ်အသစ်တွေရတဲ့အားနဲချက် ပြဿနာလေးတွေကို ဖြေရှင်းပေးဖို့ Update ထုတ်ပေးရတာပါ။ ဒါကြောင့် တစ်ချို့ Program တွေဟာ update လုပ်ပြီးမှ Performance ပိုကောင်းလာတတ်ပါတယ်။ တစ်ချို့ Outdated Software တွေကလဲ မလိုအပ်ဘဲ စက်ကိုပိုလေးစေလို့ Update ပြုလုပ်ပေးသင့်ပါတယ်။Check for Virus
Virus နဲ့ အခြား Malicious Software တွေက အသုံးပြုနေသူတွေသတိမထားမိဘဲ နောက်ကွယ်မှာပြသနာတွေပေးနေတတ်တာမို့ Antivirus ကောင်းကောင်းတစ်ခုရှိဖို့နဲ့ ၄င်းရဲ့ Virus Definition ကိုအမြဲ update ဖြစ်နေအောင်လုပ်ဖို့ကလဲအရမ်းအရေးကြီးပါတယ်။ အားတဲ့အချိန်တွေမှာလဲ Full Scan ပြုလုပ်ပေးခြင်းဖြင့် လုံခြုံရေးပိုကောင်းလာနိုင်ပါတယ်။Software ပိုင်းဆိုင်ရာပြသနာများရှင်းခြင်း (အဆင်မြင့်)
Page File ကိုစစ်ဆေးခြင်း
Page File က Physical Memory မလောက်တဲ့အခါမှာအသုံးပြုရတဲ့ Virtual Memory ဖြစ်တဲ့အတွက် Page File Setting မမှန်ကန်ရင်လဲစက်လေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ System Managed အနေနဲ့ထားတာဖြစ်ပြီတော့၊ Page File ကို အမြန်ဆုံး Partition/HDD ပေါ်မှာထားသင့်ပါတယ်။ တခါတစ်ရန် Page File က Fragment ဖြစ်နေရင်၊ Page File ကို Defragment လုပ်ပေးနိုင်တဲ့ Tool ကိုသုံးသင့်ပါတယ်။HDD ကိုစစ်ဆေးခြင်း
HDD နဲ့ပါတ်သတ်လို့ကတော HDD ရဲ့ Temperature, Free Space, Fragmentation စတာတွေထည့်စဉ်းစားရပါမယ်။ HDD Error ရှိမရှိကိုလဲ Disk Check (Scan for bad sector) လုပ်ပေးသင့်ပါတယ်။ ပြီးရင် HDD ရဲ့ Health ကိုစစ်ဆေးနိုင်ဖို့လဲ 3rd Party Software တွေ (E.g. CrystalDiskMark) သုံးပြီးလုပ်ဆောင်နိုင်ပါတယ်။ Free Space နဲနေရင် Disk Clean Up လုပ်တာ၊ Media File တွေကို အခြား Drive ကိုရွေ့တာ၊ မလိုတဲ့ Program တွေ၊ Feature တွေ၊ (E.g. Page-file, Hibernation File, etc..) ဖြုတ်တာစတဲ့ Manual Clean Up လုပ်တာတွေလုပ်သင့်ပါတယ်။ De-fragmentation ကိုလို Schedule လုပ်ပြီး ပုံမှန်ဆောင်ရွက်သင့်ပါတယ်။Registry ကိုရှင်းခြင်း
Registry ကိုရှင်းဖို့ကတော့ 3rd Party Software တစ်ခုခုသုံးရပါမယ် (E.g CCleaner)Window File System Check
System File Checker ကိုသုံးပြီး Window File တွေရဲ့ integrity ကိုစစ်ဆေးနိုင်ပါတယ်။ ပြုလုပ်ဖို့အတွက်ကတော့ Command Line ကနေ sfc /scannow လို့ နှိပ်ပေးရမှာဖြစ်ပါတယ်။Disable Unnecessary Services
ဒီအဆင့်ကပိုပြီးအန္တရာယ်များပါတယ်၊ Service တစ်ခုချင်းဆီရဲ့လုပ်ဆောင်ချက်တွေကိုနားလည်ထားမှသာလုပ်သင့်ပါတယ်။Hardware ပိုင်းဆိုင်ရာပြဿနာများရှင်းခြင်း
Hardware ပိုင်းကတော့ ပြဿနာတပ်လာရင် ပြင်ရအသစ်လဲရတာများပါတယ်။ ဒါပေမဲ့ မကြာခဏ ဖုန်၊ အမှန်၊ အကောင် စတာတွေဝင်မဝင် သန့်ရှင်းရေးလုပ်ပေးတာ၊ CPU Temp ကို Monitor လုပ်ပြီး လိုအပ်ရင် ပိတ်ပေးတာ၊ အနားပေးတာ၊ ဒါမှမဟုတ် Cooling ပိုကောင်းအောင်းပြုပြင်သင့်တာပြုပြင်ရပါမယ်။ HDD ကို SSD အမျိုးအစားမဟုတ်သေးရင် ပြောင်းတာ၊ သို့ ထပ်ထည့်တာကလဲ စက်ကိုသိသိသာသာမြန်စေမှာပါ။RAM ထပ်တို့ဖို့လိုရင်တိုးတာက ဈေးအသက်သာဆုံးနဲ့ Upgrade လုပ်ရအလွယ်ဆုံးလဲဖြစ်နိုင်ပါတယ်။
Onboard Graphic သုံးနေရင်တော့ Dedicated Graphic Card ထပ်ပေါင်းပေးတာကလဲ CPU နဲ့ RAM ကို ပိုပြီး workload လျှော့ပေးရာရောက်ပါမယ်။
အခြားစဉ်းစားရန်
- System Restore လုပ်ခြင်း
- Window အသစ်တင်ခြင်း သို့ Reset ပြုလုပ်ခြင်း
ဒီလောက်ဆိုရင်တော့ အကြမ်းအားဖြင့် နားလည်မယ်လို့ယူဆပါတယ်။ တစ်ခုခြင်းဆီရဲ့လုပ်ဆောင်ချက်တွေကို အသေးစိတ်သိရှိလိုရင်တော့ နောက်ပိုင်း Post တွေထပ်တင်ပေးသွားပါမယ်။ အဆင်ပြေချောမွေ့ကြပါစေ။
No comments:
Post a Comment