ပထမအဆင့် >> ပြဿနာတတ်တဲ့အပိုင်းကိုရွေးထုတ်ခြင်း
ဒီတော့ WiFi ပြဿနာတွေထဲမှာ Router ဘက်ကပြဿနာလား၊ ချိတ်မယ့် Device ဘက်ကပြဿနာလားဆိုတာခွဲခြားရပါမယ်။ အလွယ်ဆုံးနည်းကတော့ အခြား စက်တစ်လုံးနဲ့ ချိတ်ကြည့်တာပါပဲ။ လက်ရှိ စက်ကချိတ်မရဘဲ နောက်စက်တစ်လုံးကချိတ်ရတယ်ဆိုရင် ပြဿနာက ဖုန်း/Laptop ဘက်မှာဖြစ်နိုင်ပြီး ဘယ်စက်နဲ့မှချိတ်မရရင်တော့ Router, Hot-spot ဘက်ကပြဿနာပေါ့ဗျာ။
ဒီ Post မှာ Laptop, Client side ပြဿနာများဆွေးနွေးသွာပါမယ်။
ပထမဆုံးစစ်ရမှာတော့ WiFi Adapter ဖွင့်ထားမထားပါ။ Phone မှာဆိုရင်တော့ Setting ကဖွင့်ရုံပါပဲ။ Laptop မှာတော့ နဲနဲအဆင့်များပါတယ်။
- Hardware ဖွင့်ပိတ်ခလုပ်ရှိမရှိကြည့်ပါ။ တစ်ချို့စက်တွေမှာ WiFi ဖွင့်ပိတ်ခလုပ်သပ်သပ်ပါပါတယ်။ Indicator မီးလုံးလေးပါပါတတ်ပါတယ်။ တချို့ခလုပ်တွေကဆို ခလုပ်ကို ဘေးတိုက် ၃ ၄ စက္ကန့်လောက်ဆွဲပြီးဖွင့်ရပါတယ်။ အဲလိုခလုက်ပါမပါကြည့်ပါ ပါရင် ဖွင့်ပါ။ မီးလင်းမလင်းကြည့်ပါ။
နောက်ပိုင်း Laptop တွေမှာ Hardware Button သပ်သပ်မပါတော့ပဲ Keyboard ခလုပ်တွေမှာတွဲထားပါတယ်။ အဲဒီထဲမှာ အများစုက Function Key လို့ခေါ်တဲ့ F1, F2, F3, F4, ..., F12 စတဲ့ Key တွေမှာဖြစ်ပါတယ်။ အဲဒီ Key တွေရဲ့ ပေါ်မှာ ပုံကလေးတွေပါတတ်ပါတယ်။ အဲဒီထဲကမှ WiFi ပုံပါတာကိုရှာပါ၊ တွေပြီဆို အများစုက အဲဒီ Key နဲ့ Fn လို့ခေါ်တဲ့ Key နဲ့တွဲနှိပ်ရတာပါ။ (ရှာရှားပါးပါး Fn မပါဘဲနှိပ်ရတာမျိုးလဲရှိနိုင်ပါတယ်။)
Control Panel က Networking and Sharing Center မှာစစ်ပါ။ ပထမဆုံး အဲဒီက Adapter Setting ထဲမှာ WiFi Adapter ရှိရဲ့လား Disable လုပ်ထားမိလားစစ်ကြည့်ပါ။ တစ်ကယ်လို့ Adapter Setting မှာ Enable ဖြစ်တယ်ဆိုရင် Network Troubleshooter ကို ဖွင့်စမ်းကြည့်ပါ။ Troubleshooter မှာ Adapter ပိုင်းတွေ Service ပိုင်းတွေစစ်ပေးပါတယ်။
အဆင်မပြေသေးရင် နောက်တစ်ဆင့်စစ်ရမှာက Driver ပိုင်းပါ။ Driver မရှိတာ၊ မှားနေတာ စသဖြင့်ပါ။ Driver စစ်ရန် Device Manager ကိုသွားပါ။ Driver ပြဿနာရှိရင်တော့ Driver Update ကိုရှာတင်ပေးပါ။
- Driver လဲပြဿနာမရှိဘူးဆိုရင် Service တွေစစ်ရမှာပါ။ အောက်ပါ Service တွေ Enable, Running မှန်မမှန်စစ်ပါ။ တခုခုလွဲနေတာရှိရင် ပြန်ပြင်ပြီး restart လုပ်ကြည့်ပါ။
- Window Update လုပ်ကြည့်ပါ။
- Network Diagnostic Test Run ပါ။
- ဒီအဆင့်ပြီးလို့မှ Network Adapter မပွင့်သေးဆိုရင် Hardware ပြဿနာဖြစ်နိုင်ပါတယ်။ Service ကိုပြကြည့်သင့်ပါတယ်။

No comments:
Post a Comment