Folder Option ကိုဖွင့်ခြင်း
Window 7 မှာ Folder Option ကိုဖွင့်ဖို့အတွက် အလွယ်ဆုံးနည်းကတော့ Start Menu Search Box မှာ Folder Option လို့ရိုက်ရှာဖို့ပါပဲ။
အခြားနည်းတွေကတော့ Start Menu မှ Control Panel ကိုဖွင့်ပြီး Folder Option ကိုဖွင့်ပါ။ သို့မဟုတ် My Computer ကိုဖွင့်ပြီး Alt+T ကိုနှိပ်ပြီး Folder Option (Shortcut "O") ကိုဖွင့်ပါ။
Folder Option Shortcut ကိုလိုချင်ရင်တော့ ဒီမှာဒေါင်းယူပါ။
ဒါမှမဟုတ် %systemRoot%\system32\rundll32.exe %systemRoot%\system32\shell32.dll,Options_RunDLL 0 ကို Shortcut လုပ်ယူပြီး Save ထားပါ။
Folder Option မှ လုပ်ဆောင်ချက်များ
Folder Option အောက်တွင် General, View နှင့် Search ဆိုပြီး Tab ၃ခုရှိပါတယ်။General Tab
General Tab တွင် Browse folder တွင် Open each folder in same window / own window ဆိုရွေးချယ်ရန်၂ခုရှိပါတယ်။ Same window ကမူရင်းရွေးချယ်ထားတာဖြစ်ပြီ ပုံမှန်အတိုင်း Folder များကို ဖွင့်လိုက်တိုင်းမူလ Window မှာပဲဖွင့်ပေးသွားမှာဖြစ်ပါတယ်။ own window ကိုရွေးချယ်မယ်ဆိုရင်တော့ Folder တစ်ခုဖွင့်တိုင်း နောက်ထပ် window တွေအသစ်အသစ်ပေါ်လာပြီး အများကြီးဖြစ်လာနိုင်ပါတယ်။
Click Item as Follows အောက်မှာ အဓိကရွေးစရာ၂ခုရှိပြီး Single Click နဲ့ Double Click ဖြစ်ပါတယ်။ Double-Click ကမူလရွေးချယ်ထားတာဖြစ်ပြီး File တွေ Folder တွေဖွင့်ဖို့ Double click နှိပ်ဖို့လိုတာဖြစ်ပါတယ်။ (Single click က Select လုပ်ပေးမှာပါ။)
Single-click ကိုရွေးချယ်မယ်ဆိုရင်တော့ တချက်ထဲနှိပ်ရုံနဲ့တန်းဖွင့်ပေးမှာဖြစ်ပါတယ်။ အဲဒီမှာမှ Underline icon titles consistent with my browser ကိုရွေးခြယ်ပေးမယ်ဆိုရင် File/Folder တွေရဲ့နံမည်ကို အောက်ကအမြဲမျဉ်းသားပေးမှာ ဖြစ်ပြီး Underline icon titles only when I point at them ကိုရွေးချယ်ပေးမယ်ဆိုရင်တော့ File/Folder တွေရဲ့နံမည်ကို Mouse Pointer နဲ့ချိန်ထားတဲ့အချိန်မှသာ အောက်ကဲမျဉ်းသားပေးမှာ ဖြစ်ပါတယ်။Navigation pane ထဲမှာတော့ Show all folders ကိုအမှန်ပေးရင် Explore ရဲ့ ဘယ်ဘက်က Navigation pane ထဲမှာ Folder အားလုံးကိုဖြန့်ချထားမှာဖြစ်ပြီး Automatically expand to current folder ကတော့ လက်ရှိဖွင့်ထားတဲ့ Folder နေရာထိကိုဖြန့်ချပေးမှာဖြစ်ပါတယ်။View Tab
View Tab မှာတော့ Feature တွေအများကြီးပါလို့ အရေးကြီးတာလေးတွေပဲရေးပါမယ်။
- Always show icons, never thumbnails ဆိုတာကိုအမှန်ချစ်ပေးထားမယ်ဆိုရင် ဓါတ်ပုံ၊ video စတာတွေမှာ thumbnail လို့ခေါ်တဲ့ပုံလေးတွေအနေနဲ့မြင်ရတော့မှာမဟုတ်ပဲ icon ပုံပဲ တပြေးညီပေါ်နေမှာပါ။ ပုံလေးတွေမြင်ချင်တယ်ဆိုရင်တော့ ပိတ်ထားပေးပါ။
- Always show menus ကိုအမှန်ချစ်ပေးထားရင်တော့ Menu Bar အမြဲပေါ်နေမှာပါ။ မဟုတ်ရင်တော့ Alt ခလုပ်ကိုနှိပ်မှ Menu Bar ပေါ်လာမှာပါ။
- Hidden files and folders >> Don't show hidden files, folders, or drives ကတော့မူလရွေးချယ်ထားတဲ့ Setting ဖြစ်ပြီး Hidden File, Folder တွေကို Explorer ထဲမှာမြင်ရမှာမဟုတ်ပါဘူး။ Show hidden files, folder and drives ကတော့ hidden လုပ်ပြီးပုံမှန်အားဖြင့်မမြင်ရတဲ့ File, folder တွေကိုပါပြပေးမှာပါ။
- Hide extensions for known file types ကတော့ File တွေရဲ့ Extension ကိုဖျောက်ပေးထားပါတယ်။ ဒါမှ မတော်တဆ Extension ကိုမှားပြီး Rename လုပ်မိမှာဆိုးလို့ပါ။ (Extension ကို Rename လုပ်မိရင်လဲ Confirm လုပ်မလုပ်ထပ်မေးပါသေးတယ်) ဒါပေမယ့် အဲဒီ option ကိုပိတ်ပြီး Extension အားလုံးကိုပေါ်အောင်လုပ်ထားနိုင်ပါတယ်။ (Extension ကိုမြင်နေရတဲ့အတွက် ဆင်တူရိုးမှား ဖိုင်တွေ၊ Executable File တွေကိုခွဲခြားသိနိုင်ပြီးတော့ တချို့သော Virus တွေကိုပိုပြီးရိပ်မိလွယ်ပါတယ်။ ဒါတောင် Shortcut File တွေကိုတော့ Extension ပြဦးမှာမဟုတ်ပါဘူး။ Short cut တွေမှန်းသိနိုင်အောင် icon လေးတွေအောက်မှာ မျှားပုံလေးထည့်ပေးထားပါတယ်။)
- Hide protected operating system files ဒါက အထက်က Hidden Folder နဲ့ဆင်တူပါတယ်။ Hidden ကို Show လုပ်ထားရင်တောင် System File တွေကိုတော့ပုံမှန်အားဖြင့်မပြပါဘူး။ System File တွေကိုမြင်ချင်တယ်ဆိုရင်တော့ ဒီ Option ကိုပိတ်ပေးရပါမယ်။ (System File ဥပမာကတော့ Hibernation File, Page File, System Volume Information စသဖြင့်ဖြစ်ပါတယ်။ အဲဒီဖိုင်တွေကအရမ်းအရေးကြီးတဲ့အတွက် ဖျောက်ထားတာပိုကောင်းပါတယ်။ ပြုပြင်မိ ဖျက်မိမယ်ဆိုရင် Window ကိုတိုက်ရိုက်ထိခိုက်နိုင်လို့ သတိကြီးကြီးထားပါလို့မှာချင်ပါတယ်)
Search Tab
Search Tab မှာတော့ Window Search နဲ့ပါတ်သတ်တဲ့ အသေးစိတ် setting တွေကိုပြုပြင်နိုင်ပါတယ်။
No comments:
Post a Comment