Window Computer စနစ်ကို အသုံးပြုသူများအနေနဲ့ မသိမဖြစ်သိထားသင့်တဲ့အရာတစ်ခုကတော့ File Extension အကြောင်းပဲဖြစ်ပါတယ်။
File extension ဆိုတာဘာလဲ
File extension ဆိုတာဘာလဲဆိုတာကိုအကြမ်းအားဖြင့်ပြောရမယ်ဆိုရင်တော့ ဖိုင်တစ်ခုရဲ့အမျိုးအစားသတ်မှတ်ချက်လို့ပြောရမယ်ထင်တယ်။ (လူတွေမှာ ဦး မောင် ဒေါ် မ စသဖြင့်နံမည်မှာတပ်ခေါ်သလိုပါပဲ) File တစ်ခုနဲ့နံမည်အပြည့်အစုံမှာ အစိတ်အပိုင်း ၂ခုပါပါတယ်၊ အဲဒါကတော့ File Title နဲ့ Extension ပါ။ ဥပမာ music1.mp3, photo333.jpg စသဖြင့်ရှိရာမှာ "." ရဲ့အရှေ့က music1 တို့ photo333 တို့ဆိုတာက File Title ဖြစ်ပြီး နောက်က mp3 တို့ jpg တို့က File Extension ဖြစ်ပါတယ်။ Extension ကို File Name အစအဆုံးမှာပါတဲ့ နောက်ဆုံး dot "." ရဲ့နောက်ကစာလုံးကိုယူပါတယ်။ အများအားဖြင့် Extension တွေက စာလုံး ၃လုံးသို့ ၄လုံးရှိတတ်ပါတယ်။
File Extension ကဘာကြောင့်အရေးကြီးတာလဲ
Window စနစ်မှာ File တစ်ခုကိုဖွင့်လိုက်တဲ့အခါမှာ Computer စနစ်က အဲဒီဖိုင်ရဲ့ extension ကိုအရင်ကြည့်ပါတယ်။ ပြီးမှ အဲဒီ Extension အမျိုးအစားကိုဖွင့်ဖို့သတ်မှတ်ထားတဲ့ Program ကိုဖွင့်ပေးပြီး အဲဒီ Program ကိုအစောကဖွင့်လိုက်တဲ့ File ကိုဆက်လက်လုပ်ဆောင်ဖို့ညွှန်ကြားပါတယ်။ ဥပမာ myfile.txt ဆိုတဲ့ဖိုင်ကိုဖွင့်ရင် computer က txt အမျိုးအစား Extension ကိုဖွင့်ဖို့သတ်မှတ်ထားတဲ့ Program (အများအားဖြင့် notepad) ကိုသုံးပြီးဖွင့်ပေးပါတယ်။ mp3 ဖိုင်တစ်ခုခုကိုဖွင့်ရင်တော့ Media Player တစ်ခုခုကိုသုံးဖွင့်ပေးပါတယ်။ (ဘယ် extension အတွက် ဘယ် Program ကိုသုံးရမယ်ဆိုတာကို Registry လို့ခေါ်တဲ့နေရာမှာမှတ်ထားပါတယ်။) များသောအားဖြင့် Window မှာအသင့်ပါပြီးသား Program တွေ (notepad, paint, window media player, etc.. ) ကသူတို့ဖွင့်နိုင်တဲ့ extension တွေကို တခါထဲ registry မှာစာရင်းသွင်းထားပါတယ်။ အလားတူပဲ အချို့ Program တွေက Install လုပ်လိုက်တဲ့အချိန်မှာ သူတို့ဖွင့်နိုင်တဲ့ extension တွေကို registry မှာစာရင်းသွင်းလိုက်ပါတယ်။ တခါတစ်လေမှာတော့ Program Setting ထဲမှာ ဘယ် ext တွေကိုဖွင့်စေချင်လဲဆိုတာ User အနေနဲ့ရွေးနိုင်ပါတယ်။ extension ၁မျိုးကိုတစ်ခါတစ်လေမှာ ဖွင့်နိုင်တဲ့ Program ၃ မျိုးရှိပေမယ့် နောက်ဆုံး register လုပ်တဲ့ Program နဲ့သာဖွင့်ပေးပါတယ်။ Register လုပ်ထားတဲ့ Program လုံးဝမရှိဘူးဆိုရင်တော့ အဲဒီ Extension မျိုးကိုဖွင့်ရင် ဘယ် Program နဲ့ဖွင့်မလဲဆိုပြီးမေးတဲ့ Box ပေါ်လာမှာပါ။
အဲဒီတော့ Extension တစ်ခုကို တစ်က်တမ်းဖွင့်မပေးနိုင်တဲ့ Program တစ်ခုနဲ့ registered လုပ်ထားမိမယ်ဆိုရင် ဖွင့်လိုက်တဲ့အခါ အဲဒီ Program ကပွင့်လာပေမယ့် ဖိုင်ကိုဖွင့်မပေးနိုင်ဖြစ်မှာပါ။
အဲဒီတော့ Extension တစ်ခုကို တစ်က်တမ်းဖွင့်မပေးနိုင်တဲ့ Program တစ်ခုနဲ့ registered လုပ်ထားမိမယ်ဆိုရင် ဖွင့်လိုက်တဲ့အခါ အဲဒီ Program ကပွင့်လာပေမယ့် ဖိုင်ကိုဖွင့်မပေးနိုင်ဖြစ်မှာပါ။
File Extension များကို မြင်ရအောင်ပြုလုပ်ခြင်း
ပုံမှန်အားဖြင့် Window မှာ ဖွင့်ဖို့ Program တစ်ခုခုသတ်မှတ်ပြီးသား (Association လုပ်ပြီးသား) Extension တွေကို Known File Types အဖြစ်သတ်မှတ်ပြီး အဲဒီ ဖိုင်တွေရဲ့ File Name ကိုဖေါ်ပြတဲ့အခါမှာ Extension ကိုဖျောက်ထားပြီးမဖေါ်ပြပါဘူး။ အဲဒါကြောင့်တကယ်တမ်း File Extension ကိုသိချင်တဲ့အခါမှာ အဲဒီ File ရဲ့ Property ကိုဝင်ကြည့်ရပါတယ်။ ဒါကြောင့် Extension တွေကိုအမြဲပြပေးစေချင်တယ်ဆိုရင်တော့ Folder Option လို့ခေါ်တဲ့နေရာမှာ ဝင်ပြင်နိုင်ပါတယ်။Folder Option နှင့်ပါတ်သတ်ပြီးအသေးစိတ်ဖတ်ရန်ဒီကို Click ပါ။
File Extension အချို့အကြောင်း
File Extension တွေကအများကြီးရှိတဲ့အပြင် အချို့ Extension များမှာ နံမည်တူဖြစ်နေတတ်တာ သတိရှိဖို့လိုပါတယ်။ နောက်ပြီး Extension တွေက အလွယ်တကူ Rename လုပ်ပြီးပြောင်းနိုင်တဲ့အတွက် အမြဲမှန်မယ်လို့ယူဆထားလို့မရပါဘူး။
Extension တွေထဲမှာမှ အရေးအကြီးဆုံး အမျိုးအစားကတော့ Executable လို့ခေါ်တဲ့အမျိုးအစားပါ။ အဲဒီအမျိုးအစားက တခြား extension တွေနဲ့မတူပဲ သူ့ကိုဖွင့်ဖို့ အခြားProgram ကိုမသုံးပါဘူး ဘာလို့လဲဆိုတော့ သူကိုယ်တိုင်က Program ဖြစ်နေလို့ပါ။ အဲဒီထဲမှာအဓိက extension ကတော့ .exe ဖြစ်ပါတယ်။ .exe အပြင် အခြား executable အုပ်စုဝင်တဲ့ extension တွေကတော့ .com, .bat, .batch (Command Line Executable) .jar (Java Application) .hta (Html App) .js, .vbs (Script) နဲ့ အခြား အမျိုးအစားအများကြီးရှိပါတယ်။ ဒီအမျိုးအစားတွေက သူတို့ကို Run ဖို့ အခြား App တွေပေါ်မှီခိုနေရသေးသော်လဲ သူတို့ကိုယ်တိုင်က Program တစ်ခုလိုလုပ်ဆောင်နိုင်တဲ့အတွက် ဒီအုပ်စုထဲဝင်သွားပါတယ်။ ဒီအုပ်စုကဘာအတွက်အရေးကြီးလဲဆိုရင် သူတို့ကိုဖွင့်လိုက်တာနဲ့ သူတို့ကိုလုပ်ဖို့ညွှန်ကြားထားတတွေကို ဆက်လက်လုပ်ဆောင်သွားမှာမို့ မိမိဖွင့်မယ့် executable ရဲ့ရည်ရွယ်ချက်ကိုသိထားဖို့လိုပါတယ်မဟုတ်ရင်မလိုလားတာတွေဖြစ်လာနိုင်လို့ပါ။ အထူးသဖြင့် script ဖိုင်တွေက user ကိုဘာမှထပ်မမေးဘဲလုပ်စရာရှိတာတွေလုပ်တတ်ပါတယ်။ ဥပမာ ဖိုင်တွေဖျက်တာ၊ setting ပြောင်းတာ စသဖြင့်ပါ။ virus တွေ malware တွေကလဲ executable ဖိုင်အမျိုးအစားအနေနဲ့လာတာများပါတယ်။
နောက်ထူးခြားတဲ့ extension က .lnk ပါ။ သူကတော့ shortcut အမျိုးအစားပါ။ သူ့မှလဲ တွဲတဲ့ program သပ်သပ်မထားပါဘူး။ (notepad နဲ့တော့ဖွင့်ကြည့်လို့ရတယ်) သူက shortcut ဆိုတဲ့အတိုင်း ဖိုင်အစစ်လဲမဟုတ်ပါဘူး။ သူကိုဖွင့်ရင် သူ့ရဲ့ မူရင်းဖိုင်ကိုဖွင့်ဖို့သာဆကညွှန်ကြားတာမို့ မူရင်းဖိုင်ရဲ့ extension အတိုင်းသာဆက်အလုပ်လုက်ပါတယ်။ Shortcut နဲ့မူရင်ဖိုင်ခွဲခြားဖို့အတွက် Shortcut မှာ မျှားပုံလေးထည့်ပေးထားပါတယ်။
အဲဒီ Executable ဖိုင်တွေနဲ့၊ Shortcut ဖိုင်တွေရဲ့ Association တွေလွဲမှားနေမယ်ဆိုရင်တော့ ပြုပြင်ရတာအနဲငယ်ပိုခက်ပါတယ်။ အဲလိုအခြေအနေမျိုးဖြစ်ရင်တော့ ဖြေရှင်းနည်းကို ဒီမှာဝင်ဖတ်ပါ။

အခြား Extension များ။
Photo : .jpg, .jpeg, .gif, .png, .bmp, .ico, .tiff, etc...
Audio : mp2, mp3, wav, midi, .wma
Video : mpg, mpeg, mp4, avi, mkv, 3gp, wmv, rm, flv, etc...
Text : .txt, rtf, doc, docx
Compress : zip, rar, 7z, iso, etc...
File Extension များကို Program သတ်မှတ်ပေးခြင်း
အကြောင်းအမျိုးမျိုးကြောင့် Extension တစ်ခုဟာ လွဲမှားတဲ့ Program နဲ့ registry လုပ်ထားတာ၊ ဒါမှမဟုတ် register လုပ်ထားတာမရှိတာ၊ ဒါမှမဟုတ် မိမိစိတ်ကြိုက် Program တစ်ခုနဲ့ပြောင်းဖွင့်ချင်တဲ့အခါ၊ File Association လုပ်ပေးဖို့လိုပါတယ်။ အဲလိုလုပ်ဖို့အတွက်နည်းအမျိုးအမျိုးရှိတဲ့အနက် အချို့ကိုရေးပြပါမယ်။- ပထမနည်းကတော့ Window မှာပါတဲ့ Default Program ကိုသုံးခြင်းပါ။ Start Menu မှ Default Programs ကိုရွေးပြီး မင်း window ပေါ်လာပြီဆိုရင်အဲဒီမှာ Program အလိုက် တွဲလိုတဲ့ extension များကိုသတ်မှတ်ခြင်း သို့ Extension အလိုက် ဖွင့်လိုတဲ့ Program ကိုရွေးချယ်ခြင်းစသဖြင့်ပြုလုပ်နိုင်ပါတယ်။

- နောက်တစ်နည်းကတော့ File တစ်ခုကို Right Click နှိပ်ပြီး Open With မှ Choose Default Program ကိုနှိပ်ပါ။ ပြီးရင်အမြဲဖွင့်ချင်တဲ့ Program ကိုရွေးပြီး "Always use the selected program to open this kind of file" ကိုအမှန်ချစ်ပေးနိုင်ပါတယ်။
- အလားတူပဲ File တစ်ခုကို right click မှ Property ကိုဖွင့်ပြီး Open With နေရာမှာစိတ်ကြိုက် Program နဲ့ပြောင်းပေးနိုင်ပါတယ်။
File Extension များနဲ့ပါတ်သတ်ပြီးလုပ်ဆောင်ချက်များနဲ့၊ အထူးမှတ်သားရန်များကိုလေ့လာရန်ဒီကိုနှိပ်ပါ။
No comments:
Post a Comment