-->

Friday, September 28, 2018

Wifi Troubleshooting

Computer ပြဿနာတွေထဲမှာအမေးများတဲ့တစ်ခုကတော့ WiFi ချိတ်မရတဲ့ပြဿနာပါ။ ဒီနေ့အဲဒီအကြောင်းနဲ့ပါတ်သတ်ပြီး ဖြေရှင်းပုံအဆင့်ဆင့်ပြောပြပါမယ်။

ပထမအဆင့် >> ပြဿနာတတ်တဲ့အပိုင်းကိုရွေးထုတ်ခြင်း

  ပြဿနာဖြစ်ရတဲ့အကြောင်းရင်းသိဖို့က WiFi ချိတ်စက်ပုံအခြေခံကိုသိထားရပါမယ်။ WiFi ချိတ်ဆက်ရာမှာ ပထမဆုံး WiFi လွှင့်ပေးတဲ့ Router/Hot-spot Device ရယ်၊ ချိတ်သုံးမယ့် Phone, Laptop စတဲ့ Device ရယ် ၂ပိုင်းရှိပါတယ်။ Router/Hot-spot ရဲ့လုပ်ငန်းစဉ်က သူ့ဆီကနေ Internet ကိုချိတ်မယ်၊ သူ့ကိုလာချိတ်တဲ့ စက်တွေကိုစီစစ်လက်ခံပြီး IP သတ်မှတ်ပေးမယ်။ Internet Server နဲ့ သုံးမယ့် Device တွေကြားအချက်အလက်သယ်ပို့ပေးမယ်။  ချိတ်တဲ့စက်ကတော့ ရှိနေတဲ့ WiFi လိုင်းတွေလိုက်ရှာမယ်။ ပြီးရင်ရွေးချယ်လိုက်တဲ့ WiFi Network ရဲ့ Router ဆီကို Username, Password ပို့ပေးမယ်။ အဲဒီ Router ကသတ်မှတ်ပေးလိုက်တဲ့ IP ကိုလက်ခံမယ်။
  ဒီတော့ WiFi ပြဿနာတွေထဲမှာ Router ဘက်ကပြဿနာလား၊ ချိတ်မယ့် Device ဘက်ကပြဿနာလားဆိုတာခွဲခြားရပါမယ်။ အလွယ်ဆုံးနည်းကတော့ အခြား စက်တစ်လုံးနဲ့ ချိတ်ကြည့်တာပါပဲ။ လက်ရှိ စက်ကချိတ်မရဘဲ နောက်စက်တစ်လုံးကချိတ်ရတယ်ဆိုရင် ပြဿနာက ဖုန်း/Laptop ဘက်မှာဖြစ်နိုင်ပြီး ဘယ်စက်နဲ့မှချိတ်မရရင်တော့ Router, Hot-spot ဘက်ကပြဿနာပေါ့ဗျာ။
  ဒီ Post မှာ Laptop, Client side ပြဿနာများဆွေးနွေးသွာပါမယ်။
  ပထမဆုံးစစ်ရမှာတော့ WiFi Adapter ဖွင့်ထားမထားပါ။ Phone မှာဆိုရင်တော့ Setting ကဖွင့်ရုံပါပဲ။ Laptop မှာတော့ နဲနဲအဆင့်များပါတယ်။

  • Hardware ဖွင့်ပိတ်ခလုပ်ရှိမရှိကြည့်ပါ။ တစ်ချို့စက်တွေမှာ WiFi ဖွင့်ပိတ်ခလုပ်သပ်သပ်ပါပါတယ်။ Indicator မီးလုံးလေးပါပါတတ်ပါတယ်။ တချို့ခလုပ်တွေကဆို ခလုပ်ကို ဘေးတိုက် ၃ ၄ စက္ကန့်လောက်ဆွဲပြီးဖွင့်ရပါတယ်။ အဲလိုခလုက်ပါမပါကြည့်ပါ ပါရင် ဖွင့်ပါ။ မီးလင်းမလင်းကြည့်ပါ။
  • နောက်ပိုင်း Laptop တွေမှာ Hardware Button သပ်သပ်မပါတော့ပဲ Keyboard ခလုပ်တွေမှာတွဲထားပါတယ်။ အဲဒီထဲမှာ အများစုက Function Key လို့ခေါ်တဲ့ F1, F2, F3, F4, ..., F12 စတဲ့ Key တွေမှာဖြစ်ပါတယ်။ အဲဒီ Key တွေရဲ့ ပေါ်မှာ ပုံကလေးတွေပါတတ်ပါတယ်။ အဲဒီထဲကမှ WiFi ပုံပါတာကိုရှာပါ၊ တွေပြီဆို အများစုက အဲဒီ Key နဲ့ Fn လို့ခေါ်တဲ့ Key နဲ့တွဲနှိပ်ရတာပါ။ (ရှာရှားပါးပါး Fn မပါဘဲနှိပ်ရတာမျိုးလဲရှိနိုင်ပါတယ်။)
  • Control Panel က Networking and Sharing Center မှာစစ်ပါ။ ပထမဆုံး အဲဒီက Adapter Setting ထဲမှာ WiFi Adapter ရှိရဲ့လား  Disable လုပ်ထားမိလားစစ်ကြည့်ပါ။ တစ်ကယ်လို့ Adapter Setting မှာ Enable ဖြစ်တယ်ဆိုရင် Network Troubleshooter ကို ဖွင့်စမ်းကြည့်ပါ။ Troubleshooter မှာ Adapter ပိုင်းတွေ Service ပိုင်းတွေစစ်ပေးပါတယ်။
  • အဆင်မပြေသေးရင် နောက်တစ်ဆင့်စစ်ရမှာက Driver ပိုင်းပါ။ Driver မရှိတာ၊ မှားနေတာ စသဖြင့်ပါ။ Driver စစ်ရန် Device Manager ကိုသွားပါ။ Driver ပြဿနာရှိရင်တော့ Driver Update ကိုရှာတင်ပေးပါ။
  • Driver လဲပြဿနာမရှိဘူးဆိုရင် Service တွေစစ်ရမှာပါ။ အောက်ပါ Service တွေ Enable, Running မှန်မမှန်စစ်ပါ။ တခုခုလွဲနေတာရှိရင် ပြန်ပြင်ပြီး restart လုပ်ကြည့်ပါ။
  • Window Update လုပ်ကြည့်ပါ။
  • Network Diagnostic Test Run  ပါ။
  • ဒီအဆင့်ပြီးလို့မှ Network Adapter မပွင့်သေးဆိုရင် Hardware  ပြဿနာဖြစ်နိုင်ပါတယ်။ Service ကိုပြကြည့်သင့်ပါတယ်။

BlueScreen ပြဿနာ​​ဖြေရှင်းခြင်း

< p> Computer (Windows) အသုံးပြုသူတိုင်းနီးပါး ဒီပြဿနာ တစ်ချိန်မဟုတ်တစ်ချိန်ကြုံတတ်ကြပါတယ်။ Blue Screen of Death ​ခေါ် BSOD တက်ပြီဆိုရင် ​တော်​တော်များများက ဘာဖြစ်လို့မှန်းလဲမသိသလို ဘယ်လို​ဖြေရှင်းရမယ်ဆိုတာမသိတာများပါတယ်။

Blue Screen ဖြစ်နိုင်တဲ့ အ​ကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။ ဖြစ်တဲ့အ​ကြောင်းအရင်း​ပေါ်လိုက်ပြီး​ဖြေရှင်းနည်းလဲ အမျိုမျိုးရှိပါတယ်။ ဒါ​ကြောင့် ​သေချာပေါက်​ပြေလည်​စေမယ့်​ဖြေရှင်းနည်းဆိုပြီး တစ်ခုထဲ ​ပြောလို့မလွယ်ပါဘူး။ Hardware ပိုင်း​ကြောင့်​ကော Software ပိုင်း​ကြောင့်​ကော ဖြစ်နိုင်ပါတယ်။ Hardware ပိုင်းပြဿနာဆို Windows ပြန်တင်ရင်​တောင် ​ပြေလည်မှာမဟုတ်ပါဘူး။

ဒါ​ကြောင့် BSOD ဖြစ်လာပြီဆိုရင် လုပ်​ဆောင်ရမယ့် အဆင့်ဆင့်ကို အကြမ်းဖျဥ်းရှင်းပြချင်ပါတယ်။

၁။ အချက်အလက်စုပါ။

>p>Blue Screen ​ပေါ်လာပြီဆိုတာနဲ့ပထမဆုံးလုပ်ရမှာ အဲဒီ Screen မှာပါတယ့် Error Code, Error Message ကိုဖတ်ပါ။ (Group မှာတခြားသူ​တွေကို​မေးမယ်ဆိုရင် Screenshot ​လေးပါယူထားလိုက်ပါ။) ပထမဆုံးအကြိမ် ဖြစ်တာဆိုရင် Restart ချပြီး Windows တက်မတက်ကြည့်ပါ။ Windows တက်​သေးတယ်ဆိုရင်၊ System Event Log ကိုဖွင့်ပြီး Blue Screen မတက်ခင်ကဖြစ်တဲ့ Error Message ​တွေကိုရှာဖတ်ပါ။ ​နောက်ပြီးရင် Blue Screen Error Dump File ကို Memory Stick ဖြစ်ဖြစ် အခြားတစ်ခုခုနဲ့ဖြစ်ဖြစ်ကူးယူထားပါ။ (ကျွမ်းကျင်သူဆီကအကူအညီ​တောင်းမယ် ဆိုရင် DxDiag ရဲ့ log ​လေးပါထုတ်ထားရင်ပို​ကောင်းပါတယ်။)  Blue Screen ကတစ်ကြိမ်ဖြစ်ပြီး​နောက်ထပ်မဖြစ်​တော့ရင် အ​ရေးမကြီးတာမျိုးလဲဖြစ်နိုင်ပါတယ်။ စိတ်ချချင်ရင်​တော့ တစ်ခါ​ပေါ်ရုံနဲ့လဲစစ်​ဆေးသင့်ပါတယ်။

၂။ အ​ကြောင်းအရင်းရှာ​ဖွေခြင်း

ပြဿနာရဲ့ အကြောင်းရင်းကိုရှာဖို့က​တော့ Google မှာ BSOD Code ကိုရိုက်ရှာရုံနဲ့ အ​တော်အတန်ဖြစ်နိုင်​ခြေ​တွေမှန်းလို့ရပါတယ်။ Google မှာမရှာတတ်ရင် Facebook Group ​တွေမှာ ​မေးနိုင်ပါတယ်။ (Group မှာ​မေးဖို့ဆိုရင် မိမိစက်ရဲ့ အချက်အလက် Windows Version, Hardware Info/DxDiag Screenshot/DxDiag Log, Error Code ဘယ်နှစ်ကြိမ်​ပေါ်တယ်၊ ဘာလုပ်​နေရင်း​ပေါ်တတ်တယ်၊ မ​ပေါ်ခင်က ထူးထူးခြားခြား Hardware, Software, Driver စတာ​တွေထည့်သွင်း ပြုပြင်တာရှိမရှိ​ပြောသင့်ပါတယ်။)

BSOD Code သိရရင်​တောင်မှ ဖြစ်ရတဲ့အ​ကြောင်းရင်းကို အတိအကျသိဖို့မလွယ်ပါဘူး။ သို့​သော် အများကြီးထဲမှာမှ အဖြစ်နိုင်ဆုံးကို​ရွေးထုတ်နိုင်မှာပါ။

၃။ မိမိစက်ကိုစစ်​ဆေးခြင်း

Computer Error ​တွေကို စုစည်းလိုက်ရင်​ပြောစရာ ၂မျိုးပဲရှိတယ်။ Software Error လား Hardware Error လားဆိုတာပါပဲ။ ပထမဆုံး Hardware ပြဿနာအချို့ကို ​ပြောပါမယ်။

Hardware ပိုင်းမှာ ဘယ်နေရာကမဆိုပြဿနာဖြစ်နိုင်ပြီး၊ Hardware ပြဿနာအများစုက အသစ်လဲမှရတတ်ပါတယ်။ စစ်​ဆေးဖို့ဆိုတာကလဲ လိုအပ်ရင် တစ်ခုခြင်းဖြုတ်တပ် အသစ်လဲကြည့်ရတာမျိုးပါ။ ဒါ​ကြောင့် Hardware ပြဿနာဆို သာမာန် အသုံးပြုသူတစ်​ယောက်က မိမိဘာသာ​ဖြေရှင်းဖို့ခက်တတ်ပြီး Service ဆိုင်ရဲ့အကူအညီ လိုအပ်တပ်ပါတယ်။ သို့​သော်လဲ Hardware ပြဿနာ​ကြောင့်ဟုတ်မဟုတ် မိမိဘာသာအလွယ်စစ်နိုင်တဲ့အပိုင်း​တွေ ရှိပါ​သေးတယ်။ ဒါ​ကြောင့် အခု ပို့စ်မှာ Hardware ပိုင်း အလွယ်စစ်တဲ့အပိုင်း​လေး​တွေအရင်​ပြောပါမယ်။

  1. Overheating - Computer ရုတ်တစ်ရက်​ဖောက်တတ်တဲ့အ​ကောင်း​တွေထဲမှာ Heat တက်တာကို​မေ့ထားလို့မရပါဘူး။ Heat တက်မတက် Computer ကိုလက်နဲ့စမ်းမှန်းတာမျိုးထက် CPU-z လို App မျိုးနဲ့​စောင့်ကြည့်တာပိုတိကျပါတယ်။ Heat တက်ရတဲ့အ​ကြောင်း​တွေက ရာသီဥတုကိုကပူတာ Air-con မသုံးတာ၊ ဖုန်အမှုန်​တွေဝင်တာ၊ Fan မလည်တာ၊ အလွန်အကျွံသုံးတာ (e.g over clocking) စတာ​တွေပါပါတယ်။
  2. HDD ပြဿနာ - Computer မှာ BSOD တက်ပြီဆို တခြားဘာမှမစစ်ခင် HDD အရင်စစ်ပါ။ HDD ကို Check-disk လုပ်ရပါမယ်။ HDD တစ်လုံးလုံးစစ်ဖို့ဆို Command Line က​နေ check disk with bad sector scan လုပ်ရပါမယ်။ Bad-Sector နဲ့ File System Error မရှိဘူးဆို ​နောက်အဆင့်​တွေဆက်စစ်ပါ။ Bad sector ရှိ​နေရင် HDD ပျက်​တော့မလားဆိုတာ​ခေါင်းထဲထည့်ထားပြီး အ​ရေးကြီး Data ​တွေ backup လုပ်တာ အသစ်လဲဖို့ပါကြိုစဥ်းစားထားရမှာပါ။
  3. RAM ပြဿနာ - ဒါလဲအသစ်လဲကြည့်တာအတိကျဆုံးဆို​ပေမယ့် Memory Diagnosis Test နဲ့လဲ စစ်ကြည့်နိုင်ပါတယ်။
တခြား Hardware ပြဿနာ​တွေက​တော့ စက်ဖွင့်စစ်ရတာများတယ်။ Desktop ဆိုရင်​တော့ ဖွင့်ကြည့်ပြီး ကြိုး​ချောင်တာ၊ RAM အထိုင်မကျတာ၊ စတာ​တွေကြည့်လို့ရပါတယ်။ Power Supply voltage မှန်မမှန်၊ Motherboard စစ်တာ​တွေက​တော့ နဲနဲကျွမ်းကျင်သူလိုပါမယ်။
Hardware ပြီးရင် Software ဆိုင်ရာ​တွေစစ်ပါမယ်။ Software ပိုင်းကိုတစ်ခါထပ်ခွဲရင် ၄ မျိုးထပ်ခွဲလို့ရတယ်။
  1. windows မှာပြဿနာဖြစ်တာ
  2. Driver ဆိုင်ရာပြဿနာ
  3. Other Software ပြဿနာ
  4. Virus ပြဿနာတို့ပါ။
Virus ကို​တော့အရင်စစ်တာ​ကောင်းတယ်။ Antivirus ​ကောင်း​ကောင်း တစ်ခုနဲ့ Full Scan လုပ်ပေါ့။ လိုအပ်မယ်ထင်ရင်၊ Malware-byte လိုမျိုးနဲ့ပါထပ်စစ်။ Software ပြဿနာ​တွေက စစ်ရင်းနဲ့ကို ခနခန BSOD ထပ်ရတတ်လို့ Safe-Mode နဲ့ဝင်ပြီးစစ်တာမျိုးလိုအပ်နိုင်တယ်။

Virus ပြဿနာမဟုတ်ရင် Windows ဆက်စစ်ပါ။ Windows က​တော့တိတိကျကျစစ်ဖို့မလွယ်လှဘူး။ လွယ်လွယ်ကူကူစစ်လို့ရမှာက System File Checker စစ်ဖို့ပါ။ ​နောက်တစ်ခုက Windows Update ဆိုင်ရာ၊ တစ်ချို့က Windows Update လုပ်မိလို့ BSOD တက်တယ်။ တစ်ချို့က Windows update လုပ်မှ Error ​ပျောက်တယ်။ ပုံ​သေမှတ်လို့​တော့မရဘူး။

​နောက်တစ်ဆင့်က Driver ပါ။ Driver က အဖြစ်လဲများတယ်၊ အ​ဖြေရှာရတာလဲခက်တယ်။ တစ်ချို့ BSOD ​တွေမှာ Error Message မှာ ပြဿနာဖြစ်တဲ့ Driver နံမည်ပါတစ်ခါထဲပါတယ်။ အဲလိုမဟုတ်ရင်​တော့ ကိုယ့်ဘာသာရှာရမှာ။ Driver နဲ့ပါတ်သတ်ပြီး Device Manager မှာ၊ Event Log မှာ Error ပြတာရှိမရှိကြည့်​ပေါ့။ ​နောက်လတ်တစ်​လော Hardware အသစ် Driver အသစ်တင်မိသလား။ Software တစ်ခုခုတင်မိသလားပြန်စစ်ကြည့်၊ အထူးသဖြင့် Unsigned Driver ​တွေ၊ Driver Update လုက်တဲ့ Software ​တွေ သုံးမိရင်ပိုအ​ရေးကြီးတယ်။ Driver ပြဿနာမတက်ဖို့အ​ရေးကြီးတာက Driver ​တွေကို Official သုံးဖို့ပဲ။ မ​သေချာရင် Windows Driver Verifier သုံးပြီး Unsigned Driver ရှိမရှိရှာသင့်တယ်။ သံသယရှိတဲ့ Driver ​တွေရင်၊ Official Driver ​တွေပြန်တင်​ပေးပါ။ လတ်တစ်​လော Update လုပ်ထားတာဆို Rollback ပြန်လုပ်ကြည့်ပါ။

Windows, Driver, Virus စစ်ပြီးရင်​တော့ Software နဲနဲစဥ်းစား။ အထူးသဖြင့် လတ်တ​လော BSOD မတက်ခင်ကမှ တင်ထားမိတဲ့ Software  ေတွ၊ Registry ပိုင်းဆိုင်ရာပြင်ဆင်မှုတွေ၊ Computer ကို Modified လုပ် Tweak လုပ်တဲ့ Software အထူးသဖြင့် Theme ​ပြောင်းတာ​တွေ၊ Crack ​တွေ၊ System Clean လုပ်တယ်ဆို​ကြေငြာတဲ့ဟာ​တွေ၊ မယုံရတဲ့ဟာ​တွေ​ပေါ့။ နံမည်ရှိပြီးသာ​ပေမယ့် မိမိစက် မိမိ Windows နဲ့မကိုက်တာ​တွေ၊ Heavy Resources သုံးတာ​တွေ၊ Antivirus တစ်ချို့​ကြောင့်လဲဖြစ်တတ်တယ်။

၄။ ​ဖြေရှင်းခြင်း

အဲဒီ​တော့ ပြဿနာ​တွေရင်​တော့ ​တွေတဲ့ပြဿနာရှင်းရုံ​ပေါ့။ ဒါ​တော့အ​ထွေအထူး​ပြောစရာမလိုဘူး။ ရှာမ​တွေ့ရင် မ​သေချာခဲ့ရင်ဘာဆက်လုပ်မလဲ။
  1. စောင့်ကြည့်ပါ။ တစ်ခါထဲ​ပေါ်​သေးတာဆို ဘာမှကြီးကြီးမားမားမရှိတာမျိုးလဲဖြသ်တတ်တယ်။ ​စောင့်ကြည့်ပါ။ ​နောက်တစ်ခါဖြစ်ရင် error code, event log ​တွေထပ်ယူ အရင်တစ်​ခေါက်နဲ့တိုက်စစ်၊ ပြဿနာအတွက် အချက်အလက်သစ်​တွေရနိုင်ပါတယ်။
  2. System Restore လုပ်ကြည့်ပါ။ ပြဿနာက အရင်ကအ​ကောင်း ခုမှထဖြစ်တာဆို မဖြစ်ခင်ကာလ​လောက်ကို Restore ချကြည့်ပါ။ Restore ချရင် Software နဲ့ Setting, Data အချို့ဆုံးရှုံးနိုင်တာ​တော့သိထားဖို့လိုပါတယ်။
  3. စက်ကိုရှင်းလင်းကြည့်ပါ။ Disk cleanup လုပ်ပါ။ မလိုတဲ့ software ​တွေပြန်ဖြုတ်ပါ။ Startup Item ​တွေရှင်း၊ Registry Clean လုက်တာ၊ Disk Defragment လုပ်တာ။ စသဖြင့်​ပေါ့။
  4. Update လုပ်ပါ။ Windows Update လုပ်ပါ။ Software ​တွေလဲ မိမိစက်နဲ့ကိုက်​အောင် Update လုပ်ပါ။ Graphic Driver Update, Java, .Net framework, VC++R စတာ ​တွေ update လုပ်ကြည့်ပါ။
  5. ကျွမ်းကျင်သူ​တွေဆီကအကြံဥဏ်ယူပါ။ error code အလိုက် Online က Article ​တွေ၊ Facebook Group မှာ​မေးတာ​တွေအပါအဝင်၊ Microsoft forum ​တွေမှာ ​မေးမြန်းနိုင်ပါတယ်။
  6. Windows ပြန်တင်ပါ။ အ​ဖြေရှာလို့မရ​တော့ဘူးဆိုရင် မိမိ DATA ​တွေ Backup ယူပြီး windows ပြန်တင်တာ Software ပြဿနာ 99%ရှင်းသွားမှာပါ။ Windows တင်တဲ့အခါမှာလဲ၊ တတ်နိုင်သ​လောက် Clean windows, Update ဖြစ်တာတင်ပြီး Driver ကိုလဲ Official သာတင်ပါ။ တင်ပြီးပြီးချင်း Software ​တွေအစုံမတင်​သေးပဲ ခန​တော့​စောင့်ကြည့်ပါ။
  7. Windows တင်တာ​တောင်ပြဿနာမရှင်း​သေးရင်​တော့ Hardware ပိုင်း​သေချာစစ်နိုင်​သော Service နဲ့ပြဖို့ သင့်ပါပြီ။

၅။ ကြိုတင်ကာကွယ်ခြင်း၊

BSOD ကအ​ကြောင်းအမျိုးမျိုးနဲ့​ပေါ်နိုင်တာမို့ မဖြစ်အောင်လုံးလုံးကာကွယ်လို့မရနိုင်ပါဘူး။ ဒါ​ကြောင့်
  • Hardware, Software ​တွေကို ကိုက်ညီတာ​ရွေးသုံးပါ။ (Heavy Software သုံးရင် CPU, RAM လဲ​ကောင်း​ကောင်းသုံး​ပေါ့။ Hardware ​တွေမြင့်ရင် cooling system, power supply လဲ​ကောင်းတာသုံး​ပေါ့။)
  • Power Supply မှန်ပါ​စေ၊ UPS သုံးပါ။
  • သန့်ရှင်း​ရေးလုပ်ပါ။ ​လေဝင်​လေထွက်၊ အခန်း​အေး​အောင်ထားပါ။
  • Antivirus ​ဆောင်ပါ၊ မလိုပဲ Crack မသုံးပါနဲ့။ မလိုပဲ Software ​တွေအများကြီးမသုံးပါနဲ့။ နံမည်ရှိတာ​တွေဦးစား​ပေးသုံးပါ။ Outdated ​တွေ Source မသိတာ​တွေ တတ်နိုင်သ​လောက်​ရှောင်ပါ။
  • System Restore မပိတ်ထားပါနဲ့။ Regular Back-Up လုပ်ပါ။ Event log ​တွေ မလိုပဲမဖျက်ပါနဲ့။
  • HDD Health, CPU Temp စတာ​တွေမကြာမကြာစစ်​ပေးပါ။
  • Windows Update ကိုသတိနဲ့လုပ်ပါ။ လုံးဝပိတ်ထားတာမျိုးအားမ​ပေးပါ။ ဒါ​ပေမယ့် အ​လောတစ်ကြီးထွက်ထွက်ခြင်းတင်တာထက် ရက်နဲနဲ​လောက်​စောင့် Known Issue ​တွေ၊ သက်ဆိုင်ရာ Knowledge-Based Article ​တွေ​လေ့လာပြီးတင်တာ​ကောင်ပါတယ်။
  • Driver ကို Official ပဲသုံးပါ။ အလုပ်လုပ်​နေတဲ့ Driver ​တွေကို မလိုပဲ update လုပ်မ​နေပါနဲ့။ Graphic driver ကလွဲလို့​ပေါ့။
  • User Account တစ်ခုထဲမထားပါနဲ့။ မိမိကမကျွမ်းကျင်ရင် Admin Account နဲ့မသုံးပဲ Standard Account နဲ့သုံးပါ။
အကြမ်းဖျဥ်း သ​ဘောတရားအ​တွေးအ​ခေါ်သာ​ရေးတာ​တောင်​တော်​တော်ရှည်သွားတာမို့လုပ်ကိုင်နည်းအ​သေးစိတ်မ​ရေး​တော့ပါ။ ဒီပို့စ်ထဲမှာပါတဲ့ test ​တွေပဲစုပြီး တစ်ပို့စ်ထပ်တင်​ပေးပါမယ်။

Porpular Posts