-->

Friday, March 16, 2018

Run Box

Run Title : Run Box
Level : Basic
Important : Should Know

Run Box ဆိုတာဘာလဲ

Run Box ကသူ့နံမည်အတိုင်းပဲ Program တွေကို Run ဖွင့်ပေးတဲ့ Box တစ်ခုပါ။ ပုံမှန်ဆိုရင်တော့ User တွေက Mouse ကိုသုံးပြီး File, Folder, Shortcut တွေကိုဖွင့်ကြပေမယ့်၊ Run Box ကတော့ မိမိဖွင့်ချင်တဲ့ Program ကို စာရိုက်ပြီးဖွင့်ရတာမျိုးပါ။ ပြောရရင် Keyboard ကိုအဓိကသုံးတတ်တဲ့သူတွေ အသုံးများပါတယ်။

Run Box ကိုဘာလို့သုံးလဲ

တစ်ချို့ Program တွေ၊ File တွေကိုဖွင့်ချင်တဲ့အခါ Desktop ပေါ်မှာ Shortcut ရှိရင် ဖွင့်ရလွယ်ပေမယ့် မရှိရင် Explorer ကရှာဖွင့်ရတာထက် တစ်ခါတစ်လေ ကိုယ်ဖွင့်ချင်တဲ့အရာရဲ့က Run Box မှာစာသုံးလေးလုံးလောက်ရိုက်ရုံနဲ့ရတာမျိုးဖြစ်နေတတ်ပါတယ်။
ဥပမာ၊ notepad, paint, calculator စတဲ့ Program တွေကို Start menu ကလိုက်ရှာရင်ကြာပေမယ့် Keyboard သုံးနေကြလူအတွက် စက္ကန့်ပိုင်းအတွင်းမှာဖွင့်ရလွယ်ပါတယ်။

Run Box ကိုဘယ်လိုခေါ်မလဲ

Start menu ကနေ Run ကိုခေါ်လို့ရပေမယ့်၊ Keyboard သုံးရမယ့် Program ဖြစ်သည့်အတူ Win+R ကိုနှိပ်ခေါ်တာပိုသဘာဝကျပါတယ်။

Run Box ကဘာတွေဖွင့်ပေးနိုင်မလဲ

Run Box ကနေ ဘယ် Program မဆိုဖွင့်လို့ရပေမယ့် အကြမ်းအားဖြင့် Full Path နဲ့ဖွင့်ရတာ၊ Full Path မလိုပဲဖွင့်ရတာ ၂မျိုးခွဲနိုင်ပါတယ်။ Run Box ကိုသုံးကြတဲ့သူအများစုက Full Path မလိုတဲ့ Program တွေဖွင့်ဖို့အတွက်သာ Run ကိုသုံးကြတာများပါတယ်။ notepad ကို Full Path နဲ့ဖွင့်မယ်ဆို "C://Windows/System32/notepad.exe" လို့ရိုက်ခေါ်ရမှာပါ။ ဒါပေမယ့် notepad က Full Path မလိုတဲ့အမျိုးအစားဖြစ်တဲ့အတွက် Run Box အတွင်းမှာ notepad လို့ရိုက်ပြီး Enter ခေါက်ရုံနဲ့ရပါတယ်။ ဘာကြောင့် Full Path မလိုတာလဲဆိုတော့ “C://Windows/System32” ဆိုတဲ့ Path က System Environment variable လို့ခေါ်တဲ့စာရင်းထဲကPath လို့ခေါ်တဲ့ List ထဲမှာပါပြီးဖြစ်လို့ပါ။(System Environment Variable အကြောင်းဖတ်ရန်)

Runbox မှ Full Path မလိုပဲဖွင့်နိုင်တဲ့ Program အချို့

    System Environment Variable-Path

    Path (System Environment Variable) ထဲရှိတဲ့ Program များ

    • calc – Calculator
    • charmap – Character Map
    • Control – Control Panel
    • cmd - Command Prompt
    • Dxdiag – Directx Diagnostic Utility
    • Explorer – Window Explorer
    • notepad – Notepad

    Program အချို့ (install လုပ်ထားမှသာ)

    • winword - Microsoft Word
    • excel - Microsoft Excel
    • powerpnt - Microsoft PowerPoint
    • msaccess - Microsoft Access
    • outlook - Microsoft Outlook
    • ois - Microsoft Picture Manager
    • winproj - Microsoft Project
    • iexplorer - Internet Explorer
    • firefox - Mozilla Firefox
    • acrobat – Adobe Acrobat
    • formdesigner- Adobe Designer
    • acrodist - Adobe Distiller
    • imageready - Adobe ImageReady
    • photoshop - Adobe Photoshop

    Command Line Utility များ (Need Addition Parameter)

    • chkdsk
    • sfc
    • shutdown
    • Ipconfig – IP configuration
    • Defrag – Defragmentation tool
    • Control Panal များ
    • appwiz.cpl (Program and Features)
    • desk.cpl (Screen Resolution)
    • Firewall.cpl (Firewall)
    • intl.cpl (Regional and Language)
    • main.cpl (Mouse Setting)
    • mmsys.cpl (Sound)
    • ncpa.cpl (Network Connection)
    • powercfg.cpl (Power Option)
    • wscui.cpl(Action Center)

    Management Consoles

    • certmgr.msc - Certificate Manager
    • ciadv.msc - Indexing Service
    • compmgmt.msc - Computer management
    • devmgmt.msc - Device Manager
    • dfrg.msc – Defragment
    • diskmgmt.msc - Disk Management
    • fsmgmt.msc - Folder Sharing Management
    • eventvwr.msc - Event Viewer
    • gpedit.msc - Group Policy
    • iis.msc - Internet Information Services
    • lusrmgr.msc - Local Users and Groups
    • mscorcfg.msc - Net configurations
    • ntmsmgr.msc - Removable Storage
    • perfmon.msc - Performance Manager
    • secpol.msc - Local Security Policy
    • services.msc - System Services
    • wmimgmt.msc - Windows Management

    Directory များ

    • %temp% - Temporary Folder
    • %appdata% - Application data folder of current user
    • %Public% – “C:\users\public”
    • %SystemRoot% – “C:\windows”

အထွေထွေ သိမှတ်ဖွယ်

  • Run Box က Command Prompt နဲ့အလုပ်လုပ်ပုံဆင်ပါတယ်။
  • Virus အချို့က Runbox ကိုတိုက်ခိုက်တတ်ပါတယ်။
  • သင်အသုံးများတဲ့ Program တွေကို Runbox မှာသုံးချင်ရင် Environment Variable က Path မှာ ဖြည့်ပေးနိုင်ပါတယ်။
  • Window 7 နဲ့နောက်ပိုင်း Start Menu မှ Search box က Run Box နည်းတူတော်တော်များလုပ်ဆောင်နိုင်ပါတယ်။
  • Task Manager မှ New Task ကလဲ Runbox လိုပါပဲ။
  • Runbox မှာ သုံးတဲ့ Command တွေကို history အနေနဲ့သိမ်းထားလေ့ရှိပါတယထ်။
  • History မကျန်ချင်တဲ့သူတွေနဲ့ အခြား အချို့တွေက Runbox အစားထိုး Portable Run Box App တွေသုံးကြပါတယ်။

Monday, March 12, 2018

File Extension အကြောင်းသိကောင်းစရာ

Window Computer စနစ်ကို အသုံးပြုသူများအနေနဲ့ မသိမဖြစ်သိထားသင့်တဲ့အရာတစ်ခုကတော့ File Extension အကြောင်းပဲဖြစ်ပါတယ်။

File extension ဆိုတာဘာလဲ

File extension ဆိုတာဘာလဲဆိုတာကိုအကြမ်းအားဖြင့်ပြောရမယ်ဆိုရင်တော့ ဖိုင်တစ်ခုရဲ့အမျိုးအစားသတ်မှတ်ချက်လို့ပြောရမယ်ထင်တယ်။ (လူတွေမှာ ဦး မောင် ဒေါ် မ စသဖြင့်နံမည်မှာတပ်ခေါ်သလိုပါပဲ) File တစ်ခုနဲ့နံမည်အပြည့်အစုံမှာ အစိတ်အပိုင်း ၂ခုပါပါတယ်၊ အဲဒါကတော့ File Title နဲ့ Extension ပါ။ ဥပမာ music1.mp3, photo333.jpg စသဖြင့်ရှိရာမှာ "." ရဲ့အရှေ့က music1 တို့ photo333 တို့ဆိုတာက File Title ဖြစ်ပြီး နောက်က mp3 တို့ jpg တို့က File Extension ဖြစ်ပါတယ်။ Extension ကို File Name အစအဆုံးမှာပါတဲ့ နောက်ဆုံး dot "." ရဲ့နောက်ကစာလုံးကိုယူပါတယ်။ အများအားဖြင့် Extension တွေက စာလုံး ၃လုံးသို့ ၄လုံးရှိတတ်ပါတယ်။

File Extension ကဘာကြောင့်အရေးကြီးတာလဲ

Window စနစ်မှာ File တစ်ခုကိုဖွင့်လိုက်တဲ့အခါမှာ Computer စနစ်က အဲဒီဖိုင်ရဲ့ extension ကိုအရင်ကြည့်ပါတယ်။ ပြီးမှ အဲဒီ Extension အမျိုးအစားကိုဖွင့်ဖို့သတ်မှတ်ထားတဲ့ Program ကိုဖွင့်ပေးပြီး အဲဒီ Program ကိုအစောကဖွင့်လိုက်တဲ့ File ကိုဆက်လက်လုပ်ဆောင်ဖို့ညွှန်ကြားပါတယ်။ ဥပမာ myfile.txt ဆိုတဲ့ဖိုင်ကိုဖွင့်ရင် computer က txt အမျိုးအစား Extension ကိုဖွင့်ဖို့သတ်မှတ်ထားတဲ့ Program (အများအားဖြင့် notepad) ကိုသုံးပြီးဖွင့်ပေးပါတယ်။ mp3 ဖိုင်တစ်ခုခုကိုဖွင့်ရင်တော့ Media Player တစ်ခုခုကိုသုံးဖွင့်ပေးပါတယ်။ (ဘယ် extension အတွက် ဘယ် Program ကိုသုံးရမယ်ဆိုတာကို Registry လို့ခေါ်တဲ့နေရာမှာမှတ်ထားပါတယ်။) များသောအားဖြင့် Window မှာအသင့်ပါပြီးသား Program တွေ (notepad, paint, window media player, etc.. ) ကသူတို့ဖွင့်နိုင်တဲ့ extension တွေကို တခါထဲ registry မှာစာရင်းသွင်းထားပါတယ်။ အလားတူပဲ အချို့ Program တွေက Install လုပ်လိုက်တဲ့အချိန်မှာ သူတို့ဖွင့်နိုင်တဲ့ extension တွေကို registry မှာစာရင်းသွင်းလိုက်ပါတယ်။ တခါတစ်လေမှာတော့ Program Setting ထဲမှာ ဘယ် ext တွေကိုဖွင့်စေချင်လဲဆိုတာ User အနေနဲ့ရွေးနိုင်ပါတယ်။ extension ၁မျိုးကိုတစ်ခါတစ်လေမှာ ဖွင့်နိုင်တဲ့ Program ၃ မျိုးရှိပေမယ့် နောက်ဆုံး register လုပ်တဲ့ Program နဲ့သာဖွင့်ပေးပါတယ်။ Register လုပ်ထားတဲ့ Program လုံးဝမရှိဘူးဆိုရင်တော့ အဲဒီ Extension မျိုးကိုဖွင့်ရင် ဘယ် Program နဲ့ဖွင့်မလဲဆိုပြီးမေးတဲ့ Box ပေါ်လာမှာပါ။

အဲဒီတော့ Extension တစ်ခုကို တစ်က်တမ်းဖွင့်မပေးနိုင်တဲ့ Program တစ်ခုနဲ့ registered လုပ်ထားမိမယ်ဆိုရင် ဖွင့်လိုက်တဲ့အခါ အဲဒီ Program ကပွင့်လာပေမယ့် ဖိုင်ကိုဖွင့်မပေးနိုင်ဖြစ်မှာပါ။

File Extension များကို မြင်ရအောင်ပြုလုပ်ခြင်း

ပုံမှန်အားဖြင့် Window မှာ ဖွင့်ဖို့ Program တစ်ခုခုသတ်မှတ်ပြီးသား (Association လုပ်ပြီးသား) Extension တွေကို Known File Types အဖြစ်သတ်မှတ်ပြီး အဲဒီ ဖိုင်တွေရဲ့ File Name ကိုဖေါ်ပြတဲ့အခါမှာ Extension ကိုဖျောက်ထားပြီးမဖေါ်ပြပါဘူး။ အဲဒါကြောင့်တကယ်တမ်း File Extension ကိုသိချင်တဲ့အခါမှာ အဲဒီ File ရဲ့ Property ကိုဝင်ကြည့်ရပါတယ်။ ဒါကြောင့် Extension တွေကိုအမြဲပြပေးစေချင်တယ်ဆိုရင်တော့ Folder Option လို့ခေါ်တဲ့နေရာမှာ ဝင်ပြင်နိုင်ပါတယ်။
Folder Option နှင့်ပါတ်သတ်ပြီးအသေးစိတ်ဖတ်ရန်ဒီကို Click ပါ။

File Extension အချို့အကြောင်း

File Extension တွေကအများကြီးရှိတဲ့အပြင် အချို့ Extension များမှာ နံမည်တူဖြစ်နေတတ်တာ သတိရှိဖို့လိုပါတယ်။ နောက်ပြီး Extension တွေက အလွယ်တကူ Rename လုပ်ပြီးပြောင်းနိုင်တဲ့အတွက် အမြဲမှန်မယ်လို့ယူဆထားလို့မရပါဘူး။

Extension တွေထဲမှာမှ အရေးအကြီးဆုံး အမျိုးအစားကတော့ Executable လို့ခေါ်တဲ့အမျိုးအစားပါ။ အဲဒီအမျိုးအစားက တခြား extension တွေနဲ့မတူပဲ သူ့ကိုဖွင့်ဖို့ အခြားProgram ကိုမသုံးပါဘူး ဘာလို့လဲဆိုတော့ သူကိုယ်တိုင်က Program ဖြစ်နေလို့ပါ။ အဲဒီထဲမှာအဓိက extension ကတော့ .exe ဖြစ်ပါတယ်။ .exe အပြင် အခြား executable အုပ်စုဝင်တဲ့ extension တွေကတော့ .com, .bat, .batch (Command Line Executable) .jar (Java Application) .hta (Html App) .js, .vbs (Script) နဲ့ အခြား အမျိုးအစားအများကြီးရှိပါတယ်။ ဒီအမျိုးအစားတွေက သူတို့ကို Run ဖို့ အခြား App တွေပေါ်မှီခိုနေရသေးသော်လဲ သူတို့ကိုယ်တိုင်က Program တစ်ခုလိုလုပ်ဆောင်နိုင်တဲ့အတွက် ဒီအုပ်စုထဲဝင်သွားပါတယ်။ ဒီအုပ်စုကဘာအတွက်အရေးကြီးလဲဆိုရင် သူတို့ကိုဖွင့်လိုက်တာနဲ့ သူတို့ကိုလုပ်ဖို့ညွှန်ကြားထားတတွေကို ဆက်လက်လုပ်ဆောင်သွားမှာမို့ မိမိဖွင့်မယ့် executable ရဲ့ရည်ရွယ်ချက်ကိုသိထားဖို့လိုပါတယ်မဟုတ်ရင်မလိုလားတာတွေဖြစ်လာနိုင်လို့ပါ။ အထူးသဖြင့် script ဖိုင်တွေက user ကိုဘာမှထပ်မမေးဘဲလုပ်စရာရှိတာတွေလုပ်တတ်ပါတယ်။ ဥပမာ ဖိုင်တွေဖျက်တာ၊ setting ပြောင်းတာ စသဖြင့်ပါ။ virus တွေ malware တွေကလဲ executable ဖိုင်အမျိုးအစားအနေနဲ့လာတာများပါတယ်။

နောက်ထူးခြားတဲ့ extension က .lnk ပါ။ သူကတော့ shortcut အမျိုးအစားပါ။ သူ့မှလဲ တွဲတဲ့ program သပ်သပ်မထားပါဘူး။ (notepad နဲ့တော့ဖွင့်ကြည့်လို့ရတယ်) သူက shortcut ဆိုတဲ့အတိုင်း ဖိုင်အစစ်လဲမဟုတ်ပါဘူး။ သူကိုဖွင့်ရင် သူ့ရဲ့ မူရင်းဖိုင်ကိုဖွင့်ဖို့သာဆကညွှန်ကြားတာမို့ မူရင်းဖိုင်ရဲ့ extension အတိုင်းသာဆက်အလုပ်လုက်ပါတယ်။ Shortcut နဲ့မူရင်ဖိုင်ခွဲခြားဖို့အတွက် Shortcut မှာ မျှားပုံလေးထည့်ပေးထားပါတယ်။

အဲဒီ Executable ဖိုင်တွေနဲ့၊ Shortcut ဖိုင်တွေရဲ့ Association တွေလွဲမှားနေမယ်ဆိုရင်တော့ ပြုပြင်ရတာအနဲငယ်ပိုခက်ပါတယ်။ အဲလိုအခြေအနေမျိုးဖြစ်ရင်တော့ ဖြေရှင်းနည်းကို ဒီမှာဝင်ဖတ်ပါ။
အခြား Extension များ။
Photo : .jpg, .jpeg, .gif, .png, .bmp, .ico, .tiff, etc...
Audio : mp2, mp3, wav, midi, .wma
Video : mpg, mpeg, mp4, avi, mkv, 3gp, wmv, rm, flv, etc...
Text : .txt, rtf, doc, docx

Compress : zip, rar, 7z, iso, etc...

 File Extension များကို Program သတ်မှတ်ပေးခြင်း

အကြောင်းအမျိုးမျိုးကြောင့် Extension တစ်ခုဟာ လွဲမှားတဲ့ Program နဲ့ registry လုပ်ထားတာ၊ ဒါမှမဟုတ် register လုပ်ထားတာမရှိတာ၊ ဒါမှမဟုတ် မိမိစိတ်ကြိုက် Program တစ်ခုနဲ့ပြောင်းဖွင့်ချင်တဲ့အခါ၊ File Association လုပ်ပေးဖို့လိုပါတယ်။ အဲလိုလုပ်ဖို့အတွက်နည်းအမျိုးအမျိုးရှိတဲ့အနက် အချို့ကိုရေးပြပါမယ်။
  • ပထမနည်းကတော့ Window မှာပါတဲ့ Default Program ကိုသုံးခြင်းပါ။ Start Menu မှ Default Programs ကိုရွေးပြီး မင်း window ပေါ်လာပြီဆိုရင်အဲဒီမှာ Program အလိုက် တွဲလိုတဲ့ extension များကိုသတ်မှတ်ခြင်း သို့ Extension အလိုက် ဖွင့်လိုတဲ့ Program ကိုရွေးချယ်ခြင်းစသဖြင့်ပြုလုပ်နိုင်ပါတယ်။
  • နောက်တစ်နည်းကတော့ File တစ်ခုကို Right Click နှိပ်ပြီး Open With မှ Choose Default Program ကိုနှိပ်ပါ။ ပြီးရင်အမြဲဖွင့်ချင်တဲ့ Program ကိုရွေးပြီး "Always use the selected program to open this kind of file" ကိုအမှန်ချစ်ပေးနိုင်ပါတယ်။
  • အလားတူပဲ File တစ်ခုကို right click မှ Property ကိုဖွင့်ပြီး Open With  နေရာမှာစိတ်ကြိုက် Program နဲ့ပြောင်းပေးနိုင်ပါတယ်။
တစ်ခုသတိထားရမှာက extension နဲ့ Program ကိုမအပ်စပ်တာရွေးရင် လုံဝဖွင့်မရခြင်း၊ မှာယွင်းစွာပြုမူခြင်းများဖြစ်နိုင်ပါတယ်။
File Extension များနဲ့ပါတ်သတ်ပြီးလုပ်ဆောင်ချက်များနဲ့၊ အထူးမှတ်သားရန်များကိုလေ့လာရန်ဒီကိုနှိပ်ပါ။

Window 7 Myanmar Font Setting

Window 7 တွင် Myanmar Font မြင်ရအောင်ပြင်ဆင်ခြင်း

Window 7 မှာ File တွေ Folder တွေကိုမြန်မာလိုနံမည်ပေးလို့ရအောင်(မြင်ရအောင်) Advance color and Appearance လို့ခေါ်တဲ့နေရာမှာဝင်ပြင်ရပါတယ်။ အဲဒီလိုပြင်ဖို့အတွက် ပထမဆုံး မိမိအသုံးပြုလိုတဲ့ Font ကို Install လုပ်ပြီးဖြစ်ရပါမယ်။ Myanmar Font မရှိသေးဘူးဆိုရင်တော့ "Installing Myanmar Font in Window7" ကိုအရင်ဖတ်ပါ။


Myanmar Font ရှိပြီးသားဆိုရင်တော့ ပထမဆုံး Desktop ပေါ်ရှိနေရာလွတ်တစ်နေရာတွင် Right Click နှိပ်ပြီး Personalize ကိုနှိပ်ပါ။ (သို့မဟုတ် Start Menu > Control Panel မှ Personalize ကိုဝင်ပါ။)အဲဒီအခါမှာ Window Color and Appearance ဆိုပြီး Window တစ်ခုပေါ်လာပါမယ်။ အဲဒီ Window ရဲ့အောက်ဆုံးနားက Advanced Appearance Setting ဆိုတာကို ထပ် Click ပေးရပါမယ်။

အဲဒီအခါမှာမှနောက်ထပ် Window Color and Appearance (Advance) Box ထပ်ကျလာပါမယ်။ အဲဒီမှာ Item ဆိုတဲ့ခေါင်းစဉ်အောက်က Drop Down Box ထဲမှာ Icon ဆိုတာကိုရှာပြီးရွေးပေးရပါမယ်။ Icon ကိုရွေးပြီးရင်တော့ အဲဒီအောက်က Font ဆိုတဲ့ Drop Down Box ထဲမှာကိုပြောင်းချင်တဲ့ Font ကိုရွေးပေးရပါမယ်။ (ဥပမာ Zawgyi1) (File Name တွေကို Zawgyi နဲ့ရေးထားရင် Font မှာလဲ Zawgyi ဖြစ်မှ အမှန်အတိုင်းဖြစ်မှာပါ။ File Name က Myanmar3 ဖြစ်ရင် Font ကိုလဲ Myanmar3 ရွေးပေးရမှာဖြစ်ပါတယ်။) (*တစ်ခုသတိထားစေချင်တာတော့ မိမိပြောင်းလိုက်တဲ့ Font က Unicode အမျိုးအစား Font ဖြစ်သင့်ပါတယ်။ Win Font လိုဖေါင့်မျိုးကိုပြောင်းမိရင် မြန်မာလိုပေါ်ပေမဲ့ English စာတွေအကုန်လွဲကုန်နိုင်ပါတယ်။) ပြီးရင်တော့ OK ကိုနှိပ်ပြီးပြန်ထွက်လိုက်တာနဲ့ File, Folder နံမည်တွေမှာမြန်မာလိုရေးထားတာတွေက အတုံးလေးတွေမဖြစ်တော့ဘဲ မြန်မာလိုမြင်ရမှာဖြစ်ပါတယ်။

Extra

အထက်ကပြောင်းလဲမှုက Desktop, Explorer စတဲ့နေရာတွေမှာပြောင်းပေးတာဖြစ်တဲ့အပြင် System Font အတိုင်းသုံးတဲ့ Program တွေအတွက်ပါအကြုံးဝင်ပါတယ်။ ဒါပေမယ့် အချို့ Program တွေက System Font အတိုင်းမဟုတ်ဘဲ ကိုယ်ပိုင် Font တွေသတ်မှတ်ထားတာရှိပါတယ်။ အဲလို Program တွေအတွက်တော့ တခါထဲပြောင်းပြီးသားဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲလို Program တွေအများစုမှာလဲ ၎င်းတို့ရဲ့ Setting/Option များအတွင်းမှာ Font ပြောင်းလို့ရအောင်း Setting ထည့်ပေးထားတတ်ပါတယ်။ အဲဒီမှာ ဝင်ပြောင်းပေးရမှာဖြစ်ပါတယ်။ ဥပမာအချို့ကိုပြောပြပါမယ်။

Notepad

Notepad မှာ မြန်မာလိုရိုက်ဖို့အတွက်ဆိုရင် Notepad Program ရဲ့ Format Menu မှ Font ကိုရွေးပေးပါ။ အဲဒီမှာမှ Zawgyi-one သို့မဟုတ်မိမိသုံးချင်တဲ့ Font ကိုပြောင်းပေးနိုင်ပါတယ်။ တစ်ခုသိထားသင့်တာက Zawgyi-one နဲ့ရေးထားတဲ့ ဖိုင်တတွေကို Save လုပ်တဲ့အခါ Encoding စနစ်ကို UTF-8 နဲ့ Save လုပ်မှရပါတယ်။

Firefox

Firefox မှာ မြန်မာလိုမြင်ရဖို့အတွက်ဆိုရင် Firefox ရဲ့ Setting မှ Option ကိုဝင်ပါ။ အဲဒီထဲကမှ Language and Appearance ခေါင်းစဉ်အောက်က Default Font မှာ ပြောင်းပေးနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ အခြား Program တွေမှာလဲမိမိတို့ဘာသာပြောင်းနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကံမကောင်းစွာနဲ့ပဲအချို့သော Program တွေက Unicode ကို Support မလုပ်ခြင်း User စိတ်ကြိုက် Font ပြောင်းဖို့ Option မပါခြင်းစသဖြင့်ကြုံရတတ်ပါတယ်။

Sunday, March 11, 2018

Folder Option

Folder Option ကိုဖွင့်ခြင်း

Window 7 မှာ Folder Option ကိုဖွင့်ဖို့အတွက် အလွယ်ဆုံးနည်းကတော့ Start Menu Search Box မှာ Folder Option လို့ရိုက်ရှာဖို့ပါပဲ။

အခြားနည်းတွေကတော့ Start Menu မှ Control Panel ကိုဖွင့်ပြီး Folder Option ကိုဖွင့်ပါ။ သို့မဟုတ် My Computer ကိုဖွင့်ပြီး Alt+T ကိုနှိပ်ပြီး Folder Option (Shortcut "O") ကိုဖွင့်ပါ။

Folder Option 1Control PanalFolder Option 2
Folder Option Shortcut ကိုလိုချင်ရင်တော့ ဒီမှာဒေါင်းယူပါ။

ဒါမှမဟုတ် %systemRoot%\system32\rundll32.exe %systemRoot%\system32\shell32.dll,Options_RunDLL 0 ကို Shortcut လုပ်ယူပြီး Save ထားပါ။

Folder Option မှ လုပ်ဆောင်ချက်များ

Folder Option အောက်တွင် General, View နှင့် Search ဆိုပြီး Tab ၃ခုရှိပါတယ်။

General Tab

Folder Option - General

General Tab တွင် Browse folder တွင် Open each folder in same window / own window ဆိုရွေးချယ်ရန်၂ခုရှိပါတယ်။ Same window ကမူရင်းရွေးချယ်ထားတာဖြစ်ပြီ ပုံမှန်အတိုင်း Folder များကို ဖွင့်လိုက်တိုင်းမူလ Window မှာပဲဖွင့်ပေးသွားမှာဖြစ်ပါတယ်။ own window ကိုရွေးချယ်မယ်ဆိုရင်တော့ Folder တစ်ခုဖွင့်တိုင်း နောက်ထပ် window တွေအသစ်အသစ်ပေါ်လာပြီး အများကြီးဖြစ်လာနိုင်ပါတယ်။

Click Item as Follows အောက်မှာ အဓိကရွေးစရာ၂ခုရှိပြီး Single Click နဲ့ Double Click ဖြစ်ပါတယ်။ Double-Click ကမူလရွေးချယ်ထားတာဖြစ်ပြီး File တွေ Folder တွေဖွင့်ဖို့ Double click နှိပ်ဖို့လိုတာဖြစ်ပါတယ်။ (Single click က Select လုပ်ပေးမှာပါ။)

Single-click ကိုရွေးချယ်မယ်ဆိုရင်တော့ တချက်ထဲနှိပ်ရုံနဲ့တန်းဖွင့်ပေးမှာဖြစ်ပါတယ်။ အဲဒီမှာမှ Underline icon titles consistent with my browser ကိုရွေးခြယ်ပေးမယ်ဆိုရင် File/Folder တွေရဲ့နံမည်ကို အောက်ကအမြဲမျဉ်းသားပေးမှာ ဖြစ်ပြီး Underline icon titles only when I point at them ကိုရွေးချယ်ပေးမယ်ဆိုရင်တော့ File/Folder တွေရဲ့နံမည်ကို Mouse Pointer နဲ့ချိန်ထားတဲ့အချိန်မှသာ အောက်ကဲမျဉ်းသားပေးမှာ ဖြစ်ပါတယ်။Navigation pane ထဲမှာတော့ Show all folders ကိုအမှန်ပေးရင် Explore ရဲ့ ဘယ်ဘက်က Navigation pane ထဲမှာ Folder အားလုံးကိုဖြန့်ချထားမှာဖြစ်ပြီး Automatically expand to current folder ကတော့ လက်ရှိဖွင့်ထားတဲ့ Folder နေရာထိကိုဖြန့်ချပေးမှာဖြစ်ပါတယ်။

View Tab

Folder Option - View 1Folder Option - View2

View Tab မှာတော့ Feature တွေအများကြီးပါလို့ အရေးကြီးတာလေးတွေပဲရေးပါမယ်။

  • Always show icons, never thumbnails ဆိုတာကိုအမှန်ချစ်ပေးထားမယ်ဆိုရင် ဓါတ်ပုံ၊ video စတာတွေမှာ thumbnail လို့ခေါ်တဲ့ပုံလေးတွေအနေနဲ့မြင်ရတော့မှာမဟုတ်ပဲ icon ပုံပဲ တပြေးညီပေါ်နေမှာပါ။ ပုံလေးတွေမြင်ချင်တယ်ဆိုရင်တော့ ပိတ်ထားပေးပါ။
  • Always show menus ကိုအမှန်ချစ်ပေးထားရင်တော့ Menu Bar အမြဲပေါ်နေမှာပါ။ မဟုတ်ရင်တော့ Alt ခလုပ်ကိုနှိပ်မှ Menu Bar ပေါ်လာမှာပါ။
  • Hidden files and folders >> Don't show hidden files, folders, or drives ကတော့မူလရွေးချယ်ထားတဲ့ Setting ဖြစ်ပြီး Hidden File, Folder တွေကို Explorer ထဲမှာမြင်ရမှာမဟုတ်ပါဘူး။ Show hidden files, folder and drives ကတော့ hidden လုပ်ပြီးပုံမှန်အားဖြင့်မမြင်ရတဲ့ File, folder တွေကိုပါပြပေးမှာပါ။
  • Hide extensions for known file types ကတော့ File တွေရဲ့ Extension ကိုဖျောက်ပေးထားပါတယ်။ ဒါမှ မတော်တဆ Extension ကိုမှားပြီး Rename လုပ်မိမှာဆိုးလို့ပါ။ (Extension ကို Rename လုပ်မိရင်လဲ Confirm လုပ်မလုပ်ထပ်မေးပါသေးတယ်) ဒါပေမယ့် အဲဒီ option ကိုပိတ်ပြီး Extension အားလုံးကိုပေါ်အောင်လုပ်ထားနိုင်ပါတယ်။ (Extension ကိုမြင်နေရတဲ့အတွက် ဆင်တူရိုးမှား ဖိုင်တွေ၊ Executable File တွေကိုခွဲခြားသိနိုင်ပြီးတော့ တချို့သော Virus တွေကိုပိုပြီးရိပ်မိလွယ်ပါတယ်။ ဒါတောင် Shortcut File တွေကိုတော့ Extension ပြဦးမှာမဟုတ်ပါဘူး။ Short cut တွေမှန်းသိနိုင်အောင် icon လေးတွေအောက်မှာ မျှားပုံလေးထည့်ပေးထားပါတယ်)
  • Hide protected operating system files ဒါက အထက်က Hidden Folder နဲ့ဆင်တူပါတယ်။ Hidden ကို Show လုပ်ထားရင်တောင် System File တွေကိုတော့ပုံမှန်အားဖြင့်မပြပါဘူး။ System File တွေကိုမြင်ချင်တယ်ဆိုရင်တော့ ဒီ Option ကိုပိတ်ပေးရပါမယ်။ (System File ဥပမာကတော့ Hibernation File, Page File, System Volume Information စသဖြင့်ဖြစ်ပါတယ်။ အဲဒီဖိုင်တွေကအရမ်းအရေးကြီးတဲ့အတွက် ဖျောက်ထားတာပိုကောင်းပါတယ်။ ပြုပြင်မိ ဖျက်မိမယ်ဆိုရင် Window ကိုတိုက်ရိုက်ထိခိုက်နိုင်လို့ သတိကြီးကြီးထားပါလို့မှာချင်ပါတယ်)

Search Tab

Folder Option - Search

Search Tab မှာတော့ Window Search နဲ့ပါတ်သတ်တဲ့ အသေးစိတ် setting တွေကိုပြုပြင်နိုင်ပါတယ်။

Porpular Posts